ပျူစောထီးဦးဆောင်တဲ့ရွာက ပြည်သူတွေကို PDF စည်းရုံးနိုင်ခဲ့ဟုဆို ( ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းက ပျူစောထီးရွာဖြစ်တဲ့ ငပြင်းအင်းရွာကို ဖေဖော်ဝါရီလ ၂၆ ရက် နေ့လည်ပိုင်းက ဝင်ရောက်စီးနင်းပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးခေါင်းဆောင်ကို သွားရောက်ဖမ်းဆီးခဲ့ပေမယ့် လွတ်မြောက်သွားခဲ့တယ်လို့ ဗိုလ်လင်းယုန်အဖွဲ့ထံက သိရပါတယ်။

ငပြင်းအင်းရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကျော်ဝင်းနိုင်နဲ့ ပျူစောထီးခေါင်းဆောင် ပါကြီး ဆိုသူ တို့ကို ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့ပေမယ့် ၎င်းတို့ထံကနေ လက်ပစ်ဗုံး ၁ လုံး နဲ့ ပျူစောထီးသင်တန်းတက်ရောက်မယ့်သူတွေရဲ့ စာရွက်စာ တမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က မြေလတ်အသံကိုပြောပါတယ်။

"ဒီရွာကပျူရွာ  ကျနော်တို့ရွာကိုဝင်တော့ ပျူစောထီးတွေအကုန်ထွက် ပြေးတာတယောက်မှမကျန်ဘူး။ အုပ်ကြီးအိမ်ကို ဝင်ရှာတော့ လက်ပစ်ဗုံး ၁ လုံးနဲ့ရွေးကောက်ပွဲစာရင်းဇယားတွေရယ်၊ သပိတ်ကျင်း လေ့ကျင့်ရေးတပ်မှာ ပျူသင်တန်းတက်ဖို့ နာမည်ပေးထားတဲ့စာရင်းစာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်" လို့ သူက ပြောပါတယ်။

အဲ့ဒီနောက်မှာ ပျူသင်တန်းတက်ဖို့ စာရင်းပေးထားတဲ့သူတွေနဲ့ ဒေသခံရွာသူရွာသားတွေကို ငပြင်းအင်း ရွာစာသင်ကျောင်းဝန်းအတွင်းမှာ စုစည်းပြီး စစ်ကောင်စီတပ်နဲ့မပူးပေါင်းဖို့ စည်းရုံးပြောကြားခဲ့တယ်လို့ သိရပါတယ်။

" ရွာခံတွေကိုစုဝေးပြီး စည်းရုံးဟောပြောတာပေါ့။ ကျနော်တို့ရထားတဲ့ပျူသင်တန်းတက်ဖို့စာရင်းပေးထားသူတွေရောပါတယ်။ ပျူသင်တန်းမတက်ဖို့။ စစ်ကောင်စီတပ်နဲ့ပတ်သက်ဆက်နွယ်တာတွေ မလုပ်ဖို့ပေါ့။ တော်လှန်ရေးအဖွဲ့တွေကို ကူညီထောက်ပံ့ပေးဖို့တွေပေါ့၊ စည်းရုံးဟောပြောမှုအောင်မြင်ပါတယ်"  လို့ သူက ဆက်ပြောပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10