ပျူရွာကို ချပေးတဲ့ ရိက္ခာထုပ်ကို တော်လှန်ရေးအဖွဲ့တွေရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ပျူစောထီးအားကောင်းတဲ့ဇီးဖြူကုန်းရွာကို အောက်တိုဘာ ၁၈ ရက်က လေကြောင်းနဲ့ ရိက္ခာထုပ် ၂ ထုပ်ချပေးရာ အဲဒီရိက္ခာထုပ်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

Y 8 လေယာဥ်ပေါ်ကနေ ဆန် ၂၄ ပြည်ခန့်ပါ ရိက္ခာထုပ်လေထီးနဲ့ချပေးတာကို ကင်းထောက်ဒရုန်းနဲ့ ထောက်လှမ်းရင်းပျူရွာနဲ့ မီတာ ၄၀၀ ကျော်လောက်မှာ ပုံတောင်တိုက်ဂါး PDFနဲ့ Eagle Wings Drone Force တို့က သိမ်းဆည်းရရှိခဲ့တာပါ။

စစ်ကောင်စီကချပေးတဲ့ ဆန်တွေဟာ ပိုးထိုးနေတဲ့ ဆန်အညံ့တွေဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်ကလည်း အင်မထီးပျူရွာကို ခုလိုရိက္ခာထုပ်လာချဖူးတယ်လို့ Eagle Wings Drone Forceအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဇီးဖြူကုန်းပျူရွာအနီးကို ထောက်လှမ်းစဉ်မှာစစ်ကောင်စီတပ် Jammer ကြောင့် ကာကွယ်ရေးတပ်တွေရဲ့ကင်းထောက် ဒရုန်း ၁ စီးပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အဆိုပါဇီးဖြူကုန်းပျူရွာမှာ စစ်ကောင်စီစစ်သား၊ ရဲနဲ့ ပျူစုစုပေါင်း ၈၀ ကျော် အထိုင်ချနေတာဖြစ်ပြီး ကာကွယ်ရေးတပ်တွေက ၄ လခန့် ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#Youtubeshorts #Reels #News #စစ်ကိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10