ပျူရွာကိုတိုက်ခိုက်ရင်း ဒရုန်းဗုံးသီးထိလို့ နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံး

ပျူရွာကိုတိုက်ခိုက်ရင်း ဒရုန်းဗုံးသီးထိလို့ နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံး

ပုလဲမြို့နယ်အတွင်းမှာ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ ပူပေါင်းတိုက်ခိုက်နေတဲ့ နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့(မြိုင်)က ရဲဘော် ၂ ဦးဟာ အောက်တိုဘာ ၄ ရက် ညနေ ၄ နာရီခွဲခန့်မှာ ကျဆုံးခဲ့ရပြီး ကျဆုံးရဲဘော်တွေရဲ့ စျာပနကို အောက်တိုဘာ ၈ ရက်ကပြုလုပ်ခဲ့ကြတယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။

မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပျူရွာ ၁ ရွာကို ဝင်တိုက်ခိုက်ချိန်မှာ စစ်အုပ်စုဘက်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ ရဲဘော် ၂ ဦးသေဆုံးခဲ့ပြီး မဟာမိတ်တပ်ဖွဲ့တွေက အလောင်းတွေကို ပြန်သယ်လာခဲ့ကြတယ်လို့ နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့(မြိုင်)ရဲ့ တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။

"မြိုင်မြို့နယ် တနေရာမှာ မနေ့ကလုပ်ပေးခဲ့တာပါ၊ စျာပနနဲ့ပတ်သက်ပီး အစအဆုံး တပ်ဖွဲ့ကတာဝန်ယူပြီးလုပ်ပေးထားပါတယ်" လို့ပြောပါတယ်။

ကျဆုံးသွားတဲ့ရဲဘော်တွေဟာ ရဲဘော်ရိုးမ အသက် ၂၃ နှစ်နဲ့ ရဲဘော်AK အသက် ၁၈ နှစ်တို့ဖြစ်ပြီး နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့(မြိုင်)မှာ ၃ နှစ်ကျော်တာဝန်ထမ်းဆောင်လာခဲ့ကြတာလို့လည်း သိရပါတယ်။

တော်လှန်ရေးအစကတည်းက ၃ နှစ်ကျော်ကာလအတွင်း နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့(မြိုင်) အဖွဲ့မှာ ခုကျဆုံးတဲ့ ရဲဘော်ရိုးမနဲ့ ရဲဘော်AK အပါအဝင် ၅ ဦးထိကျဆုံးထားခဲ့ရပြီလို့လည်း သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မြိုင် #ပုလဲ #ဒရုန်း #နဂါးနီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10