ပျူရွာက ကလေး ၂ ဦးအပါအဝင် ၇ ဦးကို ပေါက် PDFက ရှင်ပြုနားသပြုလုပ်ပေး (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက Young Revolution Front (YRF) တပ်ဖွဲ့ဟာ မေလ ၂၀ ရက်မှာ ပျူစောထီးရွာက ကလေး ၂ဦးအပါအဝင် မိဘမဲ့ကလေးနဲ့နွမ်းပါးတဲ့ကလေး ၇ ဦးကို ရှင်ပြုနားသပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

 

ပျူရွာကို ဝင်တိုက်ချိန် ကျစ်ရစ်ခဲ့တဲ့ ယောက်ျားလေး ၂ ဦးမှာ တဦးက မိဘသေဆုံးသွားပြီး တဦးကတော့ မိဘထွက်ပြေးသွားလို့ YRF ကမွေးစားထားကာ သူတို့နယ်မြေထဲက နွမ်းပါးကလေးတွေနဲ့အတူ ရှင်ပြုနားသ အလှူလုပ်ပေးခဲ့တာဖြစ်တယ်လို့ ပခုက္ကူခရိုင်အမှတ် ၁၂ တပ်ရင်း YRFရဲ့ခေါင်းဆောင်ဗိုလ်နားပေါက်က ပြောပါတယ်။

ယောက်ျားလေး ၅ဦးကို ရှင်ပြုကာ မိန်းကလေးငယ် ၂ဦးကို နားသပေးခဲ့တာဖြစ်ပါတယ်။


#မြေလတ်အသံ
#မကွေးတိုင်း #ပေါက်မြို့နယ်တောင်ပိုင်း #ပျူစောထီးကျေးရွာ #ရှင်ပြုနားသ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10