ပြည်ဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာတဦး သေဆုံး

ပြည်ဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာတဦး သေဆုံး

ပဲခူးတိုင်အနောက်ခြမ်း၊ ပြည်ဆေးရုံကြီးမှာ ဇူလိုင် ၁၁ ရက် မနေ့က ကိုဗစ်အတည်ပြုလူနာတဦး သေဆုံးခဲ့တယ်လို့ ခေတ္တရာလူငယ်များ သာရေးနာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးဆီက သိရပါတယ်။

သေဆုံးသူဟာ ပြည်မြို့မှာနေထိုင်တဲ့ အသက် ၇၀ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး မနေ့ညနေ ၃ နာရီလောက်က သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"သေဆုံးတဲ့အဘွားက နာတာရှည်ရောဂါဝေဒနာသည်ပါ။ ဆေးရုံကိုလည်း ၃ ကြိမ်လောက် တက်ခဲ့ရတယ်လို့သိရပါတယ်" လို့ ခေတ္တရာလူငယ်များသာရေးနာရေး ကူညီပံ့ပိုးမှုအသင်းက ပြောပါတယ်။

အလောင်းကို မနေ့ညနေ ၆ နာရီလောက်မှာ ခေတ္တရာလူငယ်များအသင်းက ပြည်မြို့ အေးငြိမ်းရာသုဿန်ကို ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နဲ့ မေလ ၂ ရက်ကလည်း ပြည်မြို့ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်အတည်ပြုလူနာ ၂ ဦး သေဆုံးခဲ့ရပါသေးတယ်။

ဓါတ်ပုံ - ခေတ္တရာလူငယ်များသာရေးနာရေးကူညီပံ့ပိုးမှု့အသင်း လူမှုကွန်ရက်စာမျက်နှာမှ ကူးယူဖော်ပြသည်။ 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #ပြည် #covid19 #သေဆုံးမှု #ကုသရေး #ကျန်းမာရေး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10