ပြည်နဲ့ပေါင်းတည်ထောင်က ထောင်ကျစစ်သားဟောင်းတွေကို စစ်တပ်ကခေါ်ထုတ်သွား

ပြည်နဲ့ပေါင်းတည်ထောင်က ထောင်ကျစစ်သားဟောင်းတွေကို စစ်တပ်ကခေါ်ထုတ်သွား

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နဲ့ ပြည်မြို့ရှိ အကျဥ်းထောင်တွေမှာ ထောင်ကျနေတဲ့ စစ်သားဟောင်းတွေကို ဒီဇင်ဘာ ၇ ရက်ဒီမနက်မှာ စစ်တပ်က လက်မှတ်ထိုးခိုင်းကာ ခေါ်ထုတ်သွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။ 

ပေါင်းတည်ထောင်က စစ်သားဟောင်း ၁၇ ဦးကို ဒီမနက် ၁၁ နာရီလောက်မှာ စစ်တပ်က ကားနဲ့ ခေါ်ထုတ်သွားတာလို့ ဆိုပါတယ်။

“စစ်စည်းကမ်းဖောက်ပြီး ထောင်ကျနေတဲ့ လွတ်ရက်နီးသူရော ဝေးတဲ့သူရော စစ်တပ်က တာဝန်ပြန်ထမ်းဆောင်ပါမယ်လို့ လက်မှတ်ထိုးခိုင်းပြီး ထောင်ရှေ့ ကားဖင်ထိုးပြီးခေါ်ထုတ်သွားတာ။ ဘယ်ကိုခေါ်သွားတယ်ဆိုတာတော့ မသိရသေးဘူး “လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။  

ပေါင်းတည်မြို့ခံတဦးကတော့ အဲ့ဒီစစ်သားတွေကို သဲကုန်းမြို့နယ် အင်းမအခြေစိုက် တပ်မ ၆၆ ထဲကို ခေါ်သွားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။ 

အလားတူ ပြည်မြို့အကျဉ်းထောင်က စစ်သားဟောင်း ၄၀ ဦးကိုလည်း ဒီမနက် ၁၀ နာရီဝန်းကျင် လောက်မှာ လာခေါ်ထုတ်သွားပြီး ဘယ်ကိုခေါ်သွားလဲဆိုတာတော့ မသိရဘူးလို့ ပြည်အကျဥ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။ 

စစ်ကောင်စီက အမျိုးသားနေ့အထိမ်းအမှတ်လို့ဆိုကာ ဒီဇင်ဘာ ၇ ရက် ဒီနေ့မှာ နိုင်ငံတဝှမ်းက  သေဆုံးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သူရဘွဲ့၊ သူရဲကောင်း မှတ်တမ်း၊ ရဲသူရ၊ ရဲဗလ စတဲ့ဘွဲ့တံဆိပ်တွေ ပေးအပ်ခဲ့တယ်လို့ စစ်တပ်လက်အောက်ခံမီဒီယာတွေက ထုတ်ပြန်ထားပေမယ့် ထောင်ကျစစ်သားဟောင်းတွေကို စစ်မှုထမ်းဖို့ ပြန်ခေါ်တဲ့ သတင်းကိုတော့ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။ 

ပုံစာ - ပေါင်းတည် အကျဉ်းထောင်။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပြည် #ပေါင်းတည် #စစ်သား #ပြန်ခေါ်ထုတ် #ထောင်ကျစစ်သား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10