ပြည်မြို့နယ် စီမံကောင်စီက ဌာနဆိုင်ရာတွေကို သင်္ကြန်မဲလက်မှတ်တွေ ဖိအားပေးရောင်း

ပြည်မြို့နယ် စီမံကောင်စီက ဌာနဆိုင်ရာတွေကို သင်္ကြန်မဲလက်မှတ်တွေ ဖိအားပေးရောင်း

ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီက ဌာနဆိုင်ရာတွေကို သင်္ကြန်မဲလက်မှတ်တွေ ဖိအားပေးရောင်းနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ ဌာနဆိုင်ရာတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ သတင်းပေးတွေနဲ့ စစ်ကောင်စီထောက်ခံသူတွေကို ရောင်းချနေတာလို့ ဆိုပါတယ်။

"ရောင်းတာကတော့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းနဲ့ သူတို့နဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ရောင်းတာတွေ့ရတယ်။ တမဲကို ၃၅၀၀ တဲ့ ဆိုင်ကယ်နဲ့ ဖုန်းတွေပါတယ်" လို့ မြို့ခံတဦးက ပြောပါတယ်။

မဲတစောင်ကို ၃၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချပြီး ယိုးဒယားဆိုင်ကယ်(၁) စီး၊ တရုတ်ဆိုင်ကယ်(၂) စီးနဲ့ ဖုန်းအလုံး(၂၀) ကို ကံစမ်းမဲဖောက်ပေးမှာဖြစ်တယ်လို့ မဲလက်မှတ်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သင်္ကြန်ကာလစည်ကားရေး စစ်ကောင်စီက နည်းမျိုးစုံသုံးနေသလို ကမ်းနားလမ်းလျှောက်သင်္ကြန်၊ ရေပေါ်သင်္ကြန်တွေနဲ့ ဌာနဆိုင်ရာ၊ ရပ်ကွက်ရုံးတွေကနေ တာဝန်ယူပြီး ယိမ်းတွေ ထွက်ကြဖို့ကိုလည်း ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ရပ်ကွက်ယိမ်းတွေအတွက် ရပ်ကွက်အတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အချိုးကျစီ တာဝန်ယူခိုင်းတာမျိုးတွေလည်း လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10