ပြည်မြို့နယ်မှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး၊ ၈ လအတွင်း ကြိုးဆွဲချ သေဆုံးသူ ၉ ဦးထက် မနည်းရှိ

ပြည်မြို့နယ်မှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး၊ ၈ လအတွင်း ကြိုးဆွဲချ သေဆုံးသူ ၉ ဦးထက် မနည်းရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်မှာ ဩဂုတ်လ ၂၈ ရက် မနေ့မနက်အစောပိုင်းက အမျိုးသားတဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ကြိုးဆွဲချသေဆုံးသူဟာ ပြည်မြို့နယ်၊ ထမ္မကောက်အုပ်စု၊ တီတွဒ်ရွာက အသက် ၆၇ နှစ်အရွယ် ဦးထွန်းအေးဖြစ်ပြီး သူ့ရဲ့ နေအိမ်တဲအတွင်း မနေ့မနက် ၅ နာရီလောက်က ကြိုးဆွဲချသေဆုံးတာလို့ ဆိုပါတယ်။ 

"သူက လေဖြတ်ထားတာ ၂ နှစ်လောက်ရှိပြီ။ မိသားစုက အတတ်နိုင်ဆုံးပြည့်ပြည့်စုံစုံထားကြတယ်။ လေဖြတ်ထားတော့လည်း သူစိတ်ကခန့်မှန်းရခက်တယ်။ သူအိမ်နောက် တဲထဲကအလယ်ခေါင်တိုင် ယောက်တန်းမှာ ကြိုးဆွဲချသွားတာ" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပြည်မြို့နယ်မှာ အခုဩဂုတ်လအတွင်း ပြည်မြို့၊ တရုပ်စုရပ်ကွက်၊ မြင်းတပ်လမ်းက အသက် ၅၀ နှစ် အရွယ်အမျိုးသမီး ၁ ဦး၊ ကြံတောကုန်းရပ်ကွက်က အသက် ၂၁ နှစ်အရွယ် ကိုသက်နိုင်ထွန်းတို့ ကြိုး ဆွဲချသေဆုံးခဲ့မှုတွ အပါအဝင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ ၈ လတာအတွင်းမှာ ကြိုးဆွဲချသေဆုံးသူ ၉ ဦးထက်မနည်း ရှိခဲ့တယ်လို့ ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ စာရင်းတွေအရ သိရပါတယ်။

ပြည်မြို့နယ်အတွင်းက ကြိုးဆွဲချသေဆုံးခဲ့သူတွေဟာ အသက် ၁၈ နှစ်ကနေ  ၆၇ နှစ်ကြား အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၃ ဦး စုစုပေါင်း ၉ ဦးရှိခဲ့ပြီး အထက်ပါစာရင်းမှာ ပြည်မြို့နယ်နဲ့ အနီးတဝိုက်အတွင်း မြေလတ်အသံက ကောက်ယူထားတဲ့အရေအတွက်ဖြစ်လို့ မြေပြင်အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ သိရပါတယ်။

ပုံစာ - တီတွဒ်ရွာက ကြိုးဆွဲချသေဆုံးသူ အမျိုးသားတဦး။
ဓါတ်ပုံ - ပျူနှလုံးသားလူမှုကူညီရေးအသင်းက ကူးယူဖော်ပြသည်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ပြည် #ကြိုးဆွဲချ #သေဆုံးမှု #များပြား #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10