ပြည်မြို့မှာ ဓာတ်ဆီ ၁ လီတာရဖို့ တန်းစီကာ ဝယ်ယူနေရ

ပြည်မြို့မှာ ဓာတ်ဆီ ၁ လီတာရဖို့ တန်းစီကာ ဝယ်ယူနေရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဒီဇင်ဘာပထမပတ်ကစပြီး ဆိုင်ကယ် ၁ စီးအတွက် ဓာတ်ဆီ ၁ လီတာသာရောင်းပေးနေပြီး အဲ့ဒီဓာတ်ဆီကိုရဖို့ တန်းစီကာ ဝယ်ယူနေရတယ်လို့ ပြည်မြို့ခံတွေက ပြောပါတယ်။ 

စက်သုံးဆီအရောင်းဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်မှုတွေကြုံနေကြသလို ဆီဈေးနှုန်းလည်းမြင့်တက်လာတာကြောင့် ဆီဆိုင်တွေက လိုသလောက်မရောင်းဘဲ ခွဲတမ်းနဲ့ ရောင်းချပေးနေတာဖြစ်တယ်လို့သိရပါတယ်။ 

စက်သုံးဆီဈေးနှုန်းမှာ အရင်က ဓာတ်ဆီတလီတာ ကျပ် ၂၀၀၀ ကျော်ရှိနေရာက အခုအခါမှာ တလီတာ ၃၀၀၀ ကျပ်အထိ ဈေးမြင့်တက်လာတယ်လို့ ပြည်မြို့ခံတွေက ဆိုပါတယ်။ 

စက်သုံးဆီကို ရပ်ကွက်ဆိုင်တွေနဲ့ ပြင်ပတွင်ရောင်းချသူတွေဆီမှာ ဝယ်ယူပါက တလီတာ ၃၅၀၀ ကျပ်နဲ့ လိုသလောက်ရတယ်လို့လည်း မြို့ခံတဦးက ပြောပါတယ်။ 

"ဆိုင်ကယ်ဆီဖြည့်တာ ၃,၀၀၀ ဖိုးပဲရတယ်။ လူတွေက စုပြုံတိုးနေကြတာ။ ဆီတခါဝယ်ဖို့ နေပူထဲတန်းစီ စောင့်ရသေးတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ပြည်မြို့ရှိစက်သုံးဆီအရောင်းဆိုတွေက ဆိုင်ကယ် ၁ စီး ၁ လီတာရောင်းချပေးနေတာကြောင့် ရောင်းချပေးတဲ့ ဆိုင်ကို သေချာစုံစမ်းပြီးမှ သွားဝယ်ရတယ်လို့ သူက ဆက်ပြောါတယ်။ 

" ဝယ်ချင်တိုင်းဝယ်မရဘူး။ စက်ဘီးပဲ ပြောင်းစီးရမလို ဖြစ်နေတယ်" လို့ ကောလိပ်ကျောင်းသားတဦးက ပြောပါတယ်။

ပြည်မြို့မှာ Denko၊ PT Power ၊ ရွှေဗျိုင်းဖြူ၊ မူယာပင်၊ မြဝတီဆီဆိုင် သာမကဘဲ တခြား စက်သုံးဆီရောင်းချတဲ့ ပန့်ဆိုင်တွေ ရှိနေပြီး လိုသမျှ ဝယ်ယူလို့မရဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ပြည်ခရိုင် #ပြည်မြို့ #စက်သုံးဆီအရောင်းဆိုင် #ဆိုင်ကယ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10