ပြည်မြို့မှာ အမျိုးသားလူငယ်တဦး ကြိုးဆွဲချသေဆုံး

ပြည်မြို့မှာ အမျိုးသားလူငယ်တဦး ကြိုးဆွဲချသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့က အမျိုးသားလူငယ်တဦး သြဂုတ် ၁၄ ရက် နေ့လယ်ပိုင်းမှာ ကြိုးဆွဲချသေဆုံးသွားတယ်လို့ မြို့ခံပရဟိတအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြည်မြို့၊ ကြံတောကုန်းရပ်ကွက်က အသက် ၂၁ နှစ်အရွယ် ကိုသက်နိုင်ထွန်းဟာ မနေ့က နေ့လယ် ၂ နာရီလောက်မှာ သူ့ရဲ့နေအိမ်မှာပဲ ကြိုးဆွဲချခဲ့တာလို့ သိရပါတယ်။

"နေအိမ်ရဲ့ထုတ်တန်းမှာ ကြိုးဆွဲချခဲ့တာပါ။ ကြိုးဆွဲချတဲ့ အကြောင်းအရင်းကိုတော့ မသိရပါဘူး။ သူအိမ်နဲ့ အဆင်မပြေဖြစ်တယ်လို့ပဲ သိရတာ။ အသေးစိတ်တော့ မသိရဘူး။" လို့မြို့ခံတဦးက ပြောပါတယ်။

ကိုသက်နိုင်ထွန်းရဲ့ အလောင်းကို မြို့နယ်ပရဟိတအသင်းယာဥ်နဲ့ ပြည်မြို့ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ကာ အခုညနေမှာ နေအိမ်ကိုပြန်သယ်လာခဲ့ပြီဖြစ်ပြီး လာမယ့်သြဂုတ် ၁၆ ရက်မှာ သဂြိုဟ်မှာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၆ ရက် မနက်ကလည်း ပြည်မြို့၊ ရွှေဟင်္သာအရှေ့ပေါက် မေဃဝန်လမ်းကနေအိမ်မှာ အသက် ၁၈ နှစ်အရွယ် ကိုဖိုးသောကြာလည်း ကြိုးဆွဲချသေဆုံးခဲ့ပါသေးတယ်။

ဓါတ်ပုံ - ခေတ္တရာလူငယ်များသာရေးနာရေးကူညီပံ့ပိုးမှုအသင်း။

စာတည်း- ဇို

#မြေလတ်အသံ

#ပြည်သတင်း #ကြိုးဆွဲချသေဆုံး #ပဲခူးတိုင်းအနောက်ခြမ်း #ပြည်မြို့ #လူငယ် #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10