ပြည်မြို့မှာ ၈ ရက်အတွင်း ကြိုးဆွဲချ သေဆုံးသူ ၃ ဦးရှိ

ပြည်မြို့မှာ ၈ ရက်အတွင်း ကြိုးဆွဲချ သေဆုံးသူ ၃ ဦးရှိ

ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့မှာ မတ်လ ၂၃ ရက် ဒီနေ့မနက်ပိုင်းက အမျိုးသားတဦး ကြိုးဆွဲချသေဆုံးခဲ့တာကြောင့် ၈ ရက်အတွင်း ကြိုးဆွဲချသေဆုံးသူ ၃ ဦး ရှိခဲ့ပါပြီ။

ပြည်မြို့နယ် စည်ပင်သာယာဝန်ထမ်း အသက် ၅၈ နှစ်အရွယ် ဦးဝင်းဌေးဟာ ဒီနေ့မနက် ၈ နာရီလောက်မှာ သူနေထိုင်တဲ့ ကမ်းနားလမ်းက စည်ပင်ဝန်းလိုင်းခန်းမှာပဲ ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။


"အလောင်းကို ဆေးရုံကရင်ခွဲရုံကို ထုံးစံအတိုင်း ပို့ထားလိုက်ပါတယ်။ ဘာကြောင့်သေဆုံးတယ်ဆိုတာတော့ မသိရဘူး။ မိသားစုကတော့ အလောင်းကိုသဘက်ခါ (မတ် ၂၅ ရက်)မှာ သဂြိုလ်မယ်လို့ သိရတယ်" လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် အခုလအတွင်း ပြည်မြို့မှာ လက်ရှိသေဆုံးသူအပါအဝင် ကြိုးဆွဲချသေဆုံးသူ ၃ ဦးရှိပြီ ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်က ပြည်မြို့၊ ပွင့်လှသိမ်ကုန်းရပ်ကွက်နေ အသက်၂၅ နှစ်ဝန်းကျင် အမျိုးသမီးတဦးနဲ့ မတ်လ ၂၀ ရက်က ဆင်စုရပ်ကွက်နေ အသက် ၂၉ နှစ်အရွယ် အမျိုးသားတဦးတို့လည်း ကြိုးဆွဲချသေဆုံးခဲ့တာကြောင့် အခုလမှာ ၈ ရက်အတွင်း ၃ ဦး သေဆုံးခဲ့ပါပြီ။

ကြိုးဆွဲချသေဆုံးသူ ၃ ဦးဟာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး သူတို့ ဘာကြောင့် ကြိုးဆွဲချအဆုံးစီရင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

စာတည်း- ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10