သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာအနီး ကားလမ်းဘေးမှာ လမ်းသွားပြည်သူတွေဆီက ပိုက်ဆံတောင်းနေတဲ့ စစ်သားနဲ့ရဲတွေကို ဇန်နဝါရီ ၁၅ ရက်မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho တပ်ဖွဲ့ဆီက သိရပါတယ်။
မနက် ၇ နာရီခွဲလောက်မှာ စစ်သားနဲ့ရဲ ၇ ဦးလောက်ရှိနေချိန် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်၊ ကျည်ဆံ ၂၀ တောင့်နဲ့ ကျည်ဘောက် ၂ ခု သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
"ပြည်သူတွေဆီက မတရားငွေကောက်နေလို့ တိုက်ခိုက်ခဲ့တာပါ။ ခြုံခိုတိုက်တဲ့ တိုက်ပွဲအဆင့်သာ ဖြစ်တယ်။ စစ်သား ၁ ယောက်သေတယ်" လို့ CDF - Asho က ရဲဘော်ဆလိုင်းရိုးချင်းက ပြောပါတယ်။
အဲ့ဒီစစ်သားတွေဟာ တုံးကြီးကျေးရွာအနီးရှိ ဓါတ်ငွေ့ပိုက်လိုင်းမှာ စခန်းချတပ်စွဲထားကြတာ ဖြစ်ပြီး မကြာခဏလမ်းသွားပြည်သူတွေဆီကနေ ပိုက်ဆံတောင်းတာတွေ လုပ်နေတာလို့လည်း ဆိုပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုဘက်ကလည်း ပြန်လည်ပစ်ခတ်ပြီးနောက် ပိုက်ဆံတောင်းနေတဲ့ နေရာကနေ သူတို့တပ်စွဲရာစခန်းကို ပြန်ဆုတ်သွားကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ သြဂုတ် ၂၁ ရက် မနက် ၅ နာရီခွဲကလည်း အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ငဖဲမြို့နယ်၊ မြေလတ်ကျေးရွာအနီး ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်နေရာမှာ စခန်းချနေထိုင်နေတဲ့ စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ် ၁ ဦးနဲ့ အခြားအဆင့်စစ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ငဖဲ #စစ်ကောင်စီ #တိုက်ခိုက် #လက်နက်ရ #သတင်း #မြေလတ်သတင်း
Share Share Share