ပြည်သူအင်အား ထောင်ကျော်ပါဝင်တဲ့ မုံရွာလူထုသပိတ် (Photo News)

ပြည်သူအင်အား ထောင်ကျော်ပါဝင်တဲ့ မုံရွာလူထုသပိတ် (Photo News)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်မှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ မကွေးလူထု တိုက်ပွဲကော်မတီတို့က ကျေးလက်နေပြည်သူတွေနဲ့ ပူးပေါင်းပြီး ဇန်နဝါရီ ၁၆ ရက်မနေ့က သပိတ် လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီသပိတ်လှုပ်ရှားမှုကို မနေ့ကညနေ ၅ နာရီခန့်မှာ ကျေးရွာ၆ ရွာက လူဦးရေ ၁၀၀၀ ကျော်နဲ့အတူ ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။ 

"တော်လှန်ရေးက ပြည်သူတွေကိုယ်တိုင် ဦးဆောင်ပါဝင်တော်လှန်နေတဲ့ လူထုတော်လှန်ရေး ဖြစ်တယ်။ တော်လှန်ရေးရဲ့ပိုင်ရှင်ဖြစ်တဲ့ လူထုကို အင်အားစုအသီးသီးက ဦးညွှတ်ဖို့ လူထုရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ပေးဖို့အတွက် သပိတ်စစ်ကြောင်းထွက် ပြသရတာပါ " လို့ မုံရွာလူထုသပိတ်ခေါင်းဆောင် ခန့်ဝေဖြိုးက ပြောပါတယ်။

သပိတ်စစ်ကြောင်းထွက်ရာမှာ ''လူထုကို ဦးညွှတ်ကြ'' ဟူသော သပိတ်စာသားကို ကိုင်ဆောင်ခဲ့ကာ လူထုသာ အခရာဖြစ်ကြောင်းနဲ့ လူထုလှုပ်ရှားမှု လမ်းစဥ်အပါအဝင် နိုင်ငံရေးသပိတ် သတင်းစကားများပေးပို့ ဟောပြောခဲ့ကြပါတယ်။ 

ဒါ့အပြင် လူထုသပိတ်ချီတက်ရာမှာ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လုံခြုံရေးတာဝန်ယူပေးခဲ့တယ်လို့လည်း သိရပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #သပိတ်လှုပ်ရှားမှု #ဒေသခံတွေဝန်းရံပါဝင် #ပကဖ #လုံခြုံရေးယူ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10