သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်မှာ ပြည်သူ့စစ်စာရင်းပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Wundwin Township Revolution Force က သတင်းထုတ်ပြန်ထားပါတယ်။
အသတ်ခံရသူမှာ အသက် ၄၇ နှစ် အရွယ် သီးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လက်တိုမောင်ပု ဆိုသူဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ တဦးတည်း ဆိုင်ကယ်နဲ့အပြန် ညနေ ၆ နာရီ လောက်မှာ သူနေတဲ့ရွာအနီးမှာပဲ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ကျည်က ရင်ဘတ်ကနေ နောက်ကျောကို ဖောက်ထွက်သွားတယ် ပွဲချင်းပြီးပဲ ပြည်သူ့စစ်စာရင်းသွားပို့တဲ့ သတင်းရလို့ စောင့်ပစ်တာ” လို့ ရဲ့ Wundwin Township Revolution Force တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
လက်တိုမောင်ပုဆီကနေ လက်လုပ်သေနတ်နဲ့ ကျည်အချို့ သိမ်းဆည်းနိုင်ခဲ့ပြီး ညနေ ၆ နာရီခွဲလောက်မှာ စစ်အုပ်စုဘက်က အလောင်းကို အိမ်စီးကားတစီးနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ် ။
လက်တိုမောင်ပုဟာ လက်လုပ်သေနတ်ကို ကိုင်ကာ ရွာနီးဝန်းကျင်တွေမှာ အနိုင်ကျင့်တာမျိုးရှိသလို စစ်ကောင်စီရဲ့ ပြည်သူ့စစ်ဥပဒေကို အသက်သွင်းပေးနေသူဖြစ်ပြီး သူ့ရဲ့သားမက်ဟာ စစ်ဗိုလ်တဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့မတ်လ ၁၄ ရက်ညနေကလည်း ဝမ်းတွင်းမြို့နယ်က ညောင်အုပ်ဖီးအုပ်စု အသက် ၄၀ ကျော်အရွယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တင်ဆင့်ကို Wundwin Township Revolution Force က အလှူတခုက ရှင်လောင်းလှည့်ပြီး အပြန်မှာ သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။
ပုံစာ - သေဆုံးတဲ့ အုပ်ချုပ်ရေးမှူး
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#ဝမ်းတွင်း #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #ပြည်သူ့စစ် #စစ်မှုထမ်းဥပဒေ #အသတ်ခံရ
Share Share Share