ပြည်သူ့စစ်စုဆောင်းတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ထွေအုပ်စာရေး သေနတ်နဲ့ပစ်ခံရပြီး အုပ်ချုပ်ရေးမှူးသေဆုံး

ပြည်သူ့စစ်စုဆောင်းတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ထွေအုပ်စာရေး သေနတ်နဲ့ပစ်ခံရပြီး အုပ်ချုပ်ရေးမှူးသေဆုံး

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သဲကုန်းမြို့နယ်မှာ စစ်တပ်လက်အောက်ပြည်သူ့စစ်အဖွဲ့ဝင်အသစ် စုဆောင်းနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးတို့ သေနတ်နဲ့ပစ်သတ်ခံရပြီး အုပ်ချူပ်ရေးမှူးသေဆုံးသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရသူတွေဟာ သာပေါင်းရွာနေထိုင်သူ ဇီးကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ကိုမြင့်ဆွေနဲ့ ရပ်ကျေးစာရေး ကိုဖြိုးတို့ဖြစ်ပြီး သဲကုန်းနဲ့ ဆင်မြီးဆွဲမြို့အကြား သာပေါင်းရွာအနီးမှာ မတ် ၂၁ ရက် မနေ့မွန်းတည့် ၁၂ နာရီလောက်က သေနတ်နဲ့ပစ်သတ်ခံရတာလို့ ဆိုပါတယ်။

“ကိုမြင့်ဆွေနဲ့ စာရေးက ပြည်သူ့စစ်စာရင်းစုပြီး ရွာကို ဆိုင်ကယ်နဲ့ပြန်အလာ သူ့ရွာထိပ်နားမှာ ပစ်သတ်ခံရပြီး အဲနေရာမှာသေတာ“လို့  ၃၆၀၁ တပ်ရင်း သတင်းပြန်ကြားရေးနဲ့ဆက်သွယ်ရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူးဟာ နေရာမှာပွဲချင်းပြီးသေဆုံးခဲ့ပြီး ရပ်ကျေးစာရေးမှာ ဝမ်းဗိုက်သေနတ်ကျည်ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

သဲကုန်းမြို့ခံတဦးကလည်း "စာရေးကမသေတော့  ဖုန်းဆက်ခေါ်လိုက်တာမှာ ရဲတွေရောက်လာပြီး စာရေးနဲ့ အုပ်ချုပ်ရေးမှူးအလောင်းကို ဆေးရုံသယ်သွားတယ်ဆိုပြီး ပြန်ကြားရတယ်”လို့ ပြောပါတယ်

အဲဒီတိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်‌ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၅ နဲ့ ၃၆၀၂ PDF တပ်ရင်း တပ်ခွဲ ၄ နွေဦးမောင်အဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ထွေအုပ်စာရေးကိုဖြိုးဟာ ဒဏ်ရာပြင်းထန်တာကြောင့် သဲကုန်းဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ မြို့ခံထွေအုပ်စာရေးတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၅ ည ရက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ကျောက်စွယ်ရွာက ရွာလုံးကျွတ်ပြည်သူ့စစ်ထဲဝင်မယ်လို့ပြောတဲ့ အုပ်ချုပ်ရေးမှူးဟောင်း ပျူစောထီးခေါင်း‌ဆောင် ဝင်းသိန်း ကိုလည်း နတ်တလင်းအခြေစိုက် Phoenix DF တပ်ဖွဲ့ က သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #သဲကုန်း #အုပ်ချုပ်ရေးမှူး #ထွေအုပ်စာရေး #ပစ်ခတ်ခံရ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10