ပြည်သူ့စစ်ထဲဝင်ဖို့ လူစုပေးနေသူ ၂ ဦးနဲ့ စစ်တပ်သတင်းပေးဆိုသူတို့ တညတည်းမှာသတ်ခံရ

ပြည်သူ့စစ်ထဲဝင်ဖို့ လူစုပေးနေသူ ၂ ဦးနဲ့ စစ်တပ်သတင်းပေးဆိုသူတို့ တညတည်းမှာသတ်ခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မင်းကန်အုပ်စု၊ တောစုရွာက ပြည်သူ့စစ်သင်တန်းအတွက် လုပ်ဆောင်နေသူ ၂ ဦးနဲ့ စစ်တပ်သတင်းပေး ၁ ဦးကို တညတည်းမှာပဲ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပုသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီက သိရပါတယ်။

တောစုရွာက ဒေသခံတွေကို ပြည်သူ့စစ်အဖွဲ့ထဲဝင်ဖို့ အတင်းအဓမ္မဖိအားပေးတဲ့အပြင် ငွေကြေးတွေပါ ကောက်ခံနေတဲ့ အောင်ဇော်နဲ့ မောင်စိုးကို ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၄ ရက် ည ၈ နာရီလောက်က အောင်ဇော်ရဲ့နေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

“အရင်ကတည်းကလည်း စကစနဲ့ ပူးပေါင်းပြီးတော့ သတင်းပေးတာတွေ တောက်လျှောက်လုပ်ကိုင်နေတဲ့သူတွေ၊ သွားတာကတော့ အောင်ဇော်ဆီသွားတာ မောင်စိုးလည်းရောက်နေတော့ ၂ ဦးလုံးရှင်းခဲ့လိုက်တာ ။” လို့ ပုသိမ်ကြီးမြို့နယ် ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

အောင်ဇော်နဲ့ မောင်စိုးတို့ကို ရှင်းလင်းခဲ့တဲ့ ညမှာပဲ မင်းကန်အုပ်စု တောစုကျေးရွာက အုပ်ချုပ်ရေးမှူးရဲ့ လက်ပါးစေဖြစ်တဲ့ ဒလန် ဝင်းဇော်ကိုလည်း သူရဲ့နေအိမ်မှာပဲ တခါတည်းပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းတာဝန်ခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်ကလည်း စစ်ကောင်စီတပ်သားတွေကို လမ်းပြအဖြစ်လုပ်ဆောင်ပေးတဲ့ ပျုစောထီးကျော်မင်းကို ပစ်ခတ်ရှင်းလင်းပြီးနောက် တောစုရွာက အုပ်ချုပ်ရေးမှူးနဲ့ ပျူခေါင်းဆောင်ငဘုန်းတို့ဟာ သူတို့ မိသားစုဝင်တွေကိုခေါ်ပြီး စစ်ကောင်စီတပ်အထိုင်ချထားတဲ့ မင်းကန်ရွာထဲမှာ သွားရောက်ရှောင်တိမ်းနေတယ်လို့ ဆိုပါတယ်။

သြဂုတ် ၃၀ ရက်ကလည်း စစ်ကောင်စီတပ်သားတွေကို သံခွန်ရေယာဉ်နဲ့ တင်ဆောင်ပေးတဲ့အပြင် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေကိုလည်း လိုက်ပြပေးတဲ့ ကျွန်းဆင်ရွာက ကိုညီလွင် ကို သွားရောက်ဖမ်းဆီးချိန်မှာ ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် သူ့ရဲ့ သံခွန်ရေယာဉ် နဲ့ ဆိုင်ကယ်တစီးကို သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မန္တလေး #ပုသိမ်ကြီး #သတင်းပေး #ဒလန် #ရှင်းလင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10