ပြည်သူ့စစ်ဖွဲ့ဖို့ဦးဆောင်နေတဲ့ သဲကုန်းကြံ့ခိုင်ရေးအမတ်ဟောင်း ပစ်သတ်ခံရ

ပြည်သူ့စစ်ဖွဲ့ဖို့ဦးဆောင်နေတဲ့ သဲကုန်းကြံ့ခိုင်ရေးအမတ်ဟောင်း ပစ်သတ်ခံရ

ပဲခူတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့မှာ အောက်တိုဘာလ ၁၂ ရက် ဒီမနက် ၆ နာရီခွဲ‌လောက်က ကြံ့ခိုင်ရေးအမတ်ဟောင်းတဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - PPDFက သတင်းထုတ်ပြန်ထားပါတယ်။

အသတ်ခံရသူဟာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းဖြစ်သူ အသက် ၇၀ နှစ်ဝန်းကျင်ရှိ ဦးစိုးအောင် ဖြစ်ပြီး သဲကုန်းမြို့မဈေးအတွင်းမှာ ပစ်သတ်ခဲ့တာလို့ဆိုပါတယ်။

"ထမင်းသုတ်ဆိုင်ကနေ ထွက်လာတာကို ဦးခေါင်းကို ၁ ချက်နဲ့ ဗိုက်ကို ၂ ချက်ပစ်ခတ်ခဲ့တာပါ။ ပွဲချင်းပြီးပဲ" လို့ PPDF သတင်းထောက်လှမ်းရေးတာဝန်ခံက ပြောပါတယ်။ 

ဦးစိုးအောင်ဟာ ပြည်သူ့စစ်ဖွဲ့(ပျူစောထီး)ဖွဲ့စည်းရေးကို ဦးဆောင်နေသူတယောက်ဖြစ်လို့ ပစ်ခတ်ခဲ့တာဖြစ်ပြီး သူ့ရဲ့အလောင်းကို စစ်ကောင်စီတပ်က ပြည်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံကို သယ်ယူသွားတယ်လို့ သူက ဆက်ပြောပါတယ်။ 

ဦးစိုးအောင်ဟာ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ သဲကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဖြစ်ပြီး ယခင် နအဖ (နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ) လက်ထက်ကတည်းက ကြံ့ခိုင်ရေးအမာခံတဦးဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

အဲဒီပစ်ခတ်မှုကို ပေါင်းတည်မြို့နယ်PDF ၃၆၀၁ တပ်ရင်း တပ်ခွဲ ၃ ရဲ့ တပ်စု ၃ (Wisdom) အဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်ကလည်း  သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့ဈေးအနီးမှာ ဆိုင်ကယ်နဲ့သွားနေတဲ့ နယ်ထိန်းရဲတဦးနဲ့ အငြိမ်းစားရဲအရာရှိတဦးကို ပေါင်းတည် PDFက သေနတ်နဲ့ပစ်ခဲ့လို့ နယ်ထိန်းသေဆုံးကာ အငြိမ်းစားရဲဒဏ်ရာရှိခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #သဲကုန်း #ကြံ့ခိုင်ရေးအမတ်ဟောင်း #ပစ်သတ်ခံရ #ပျူစောထီး #ပြည်သူ့စစ် #PPDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10