ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့အပတ်စဉ် ၈ အခြေခံစစ်သင်တန်းဆင်းပွဲ

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့အပတ်စဉ် ၈ အခြေခံစစ်သင်တန်းဆင်းပွဲ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့ အပတ်စဉ် ၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် ၁ စစ်ဒေသ၊ ယာယီဌာနချုပ်မှာ စက်တင်ဘာ ၂၄ ရက် ဒီမနက် ၇ နာရီကနေ ၉နာရီအထိပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

သင်တန်းကို ၂ လခွဲကြာပြုလုပ်ခဲ့ပြီး အမျိုးသမီးရဲဘော် ၅ ဦးအပါအဝင် သင်တန်းသားရဲဘော် ၇၆ ဦးတက်ရောက်ခဲ့တယ်လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ခံက ပြောပါတယ်။ 

သင်တန်းကာလအတွင်း အခြေခံစစ်ပညာအပြင် နိုင်ငံရေးနဲ့ပက်သက်တဲ့သင်ခန်းစာတွေကိုလည်း သင်ကြားပေးပြီး တပ်ဖွဲ့ရဲ့ နိုင်ငံရေးနဲ့စစ်ရေးဖြတ်သန်းမှုတွေကိုလည်း ပြောပြပေးခဲ့တယ်လို့ ဆိုပါတယ်။ 

သင်တန်းဆင်းပွဲကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒေသခံ ပအဖ၊ ပကဖ၊ ပလဖ နဲ့ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေး မိတ်ဖက်အဖွဲ့အစည်းတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #စစ်သင်တန်းဆင်းပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10