ပြန်လည်အသက်ဝင်လာတဲ့ ယောဓလေ့ သနပ်ခါးပါးတို့ပွဲနဲ့ မီးကြာလှည့်ပွဲ (ရုပ်/သံ)

ယောဒေသရဲ့ ရိုးရာဓလေ့တခုဖြစ်တဲ့ ချစ်ခြင်းမေတ္တာမျှဝေခြင်းသင်္ကေတ သနပ်ခါးပါးတို့ပွဲနဲ့ မီးကြာလှည့်ပွဲကို သီတင်းကျွတ်အခါသမယမှာ ကျင်းပလေ့ရှိပါတယ်။

ဒီရိုးရာဓလေ့ပွဲဟာ ယောဒေသရဲ့ အထင်ကရပွဲတခုဖြစ်ပြီး သနပ်ခါးပါးတို့ပွဲ ဆိုတာနဲ့ ယောဒေသကိုပါ တွဲမြင်ကြသလိုမျိုး နှစ်ပေါင်းရာချီခဲ့ပြီလို့ ဒေသခံတွေက ဆိုပါတယ်။ ဒါ့အပြင်ယောဒေသရဲ့ လူတွေရဲ့ ပါးစပ်ဖျားမှာတော့ သီတင်းကျွတ်ခါနီးတိုင်း "ဒီနှစ် မီးကြာလုပ်မှာလား" ဆိုတဲ့စကားကို ပြောဆိုမေးမြန်းကြတဲ့ အထိပါပဲ။ 

အထင်ကရပွဲတွေကို ကိုဗစ်ဆိုးဝါးစွာဖြစ်ပွားခဲ့တဲ့ နှစ်တွေမှာပဲ ရပ်နားခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအားကောင်းတာနဲ့အတူ နယ်မြေစိုးမိုးမှုရရှိလာချိန်မှာတော့ အခုလိုမျိုး ပြန်လည်ကျင်းပသလို ပွဲတော်ရဲ့ အခမ်းအနားအပြည့်အစုံနဲ့ အသက်ဝင်လာအောင် ကြိုးစားအားထုတ်လာကြပါတယ်။

ယခုနှစ် မီးကြာလှည့်ပွဲနဲ့ သနပ်ခါးပါးတို့ပွဲကိုတော့ မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ် အတွင်းက ကြံခတ်ရွာမှာ ဗုဒ္ဓမြတ်စွာဘုရားအားရည်စူးပြီး ဆီမီးထွန်းပူဇော်ပွဲနဲ့အတူ သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့အထိ ပြုလုပ်ခဲ့တာပါ။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံ #ဆောင်းပါး #ရိုးရာဓလေ့ #ယောဒေသ #သနပ်ခါးပါးတို့ပွဲ #မီးကြာလှည့်ပွဲ #မကွေးတိုင်း #ဆောမြို့နယ် #နွေဦးတော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10