ဖက်ဆစ်တော်လှန်ရေးနေ့မှာ ပခုက္ကူလူထုတိုက်ပွဲကော်မတီက သပိတ်စစ်ကြောင်းပြုလုပ်

ဖက်ဆစ်တော်လှန်ရေးနေ့မှာ ပခုက္ကူလူထုတိုက်ပွဲကော်မတီက သပိတ်စစ်ကြောင်းပြုလုပ်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ပခုက္ကူလူထုတိုက်ပွဲကော်မတီဝင်တွေက ဦးဆောင်ပြီး မတ်လ ၂၇ ရက်ဒီကနေ့ကျရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ သပိတ်စစ်ကြောင်းပြုလုပ်ခဲ့ကြပါတယ်။
 
အခုလို သပိတ်စစ်ကြောင်းပြုလုပ်ရတာဟာ နောင်မျိုးဆက်တွေသိရအောင် နဲ့ ပြည်သူတရပ်လုံးအနေနဲ့လည်း သွေးမအေးပဲ ရရာနည်းလမ်းနဲ့ ဆန့်ကျင်ဆန္ဒပြနေကြောင်းကို ပြသစေလိုတဲ့အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ပြည်သူတွေအနေနဲ့လည်း တယောက်ကိုတယောက် အပြစ်ပြော လက်ညိုးထိုးနေမဲ့အစား လက်သီးကျစ်ကျစ်ဆုတ်ပြီး အချင်းချင်းစည်းလုံးညီညွတ်စွာ ကိုယ်ဘာလုပ်ပေးနိုင်သလဲ ဆိုတဲ့ဘက်က ပါဝင်ပေးကြဖို့ကို ပြောချင်တယ်” လို့ ဆိုပါတယ်။
 
“ဖက်ဆစ်ရွေးကောက်ပွဲတိုက်ဖျက် ဖက်ဒရယ်ဒီမိုကရေစီ ပဠိညာဉ်ကိုင်စွဲချီတက်” “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” စတဲ့စာတန်းပါ ဘန်နာတွေကိုကိုင်ဆောင်ပြီး သပိတ်ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
 
သတင်း - နန်းခမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10