ဖက်ဆစ်တော်လှန်ရေးနေ့မှာ ယင်းမာပင်မြို့က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်

ဖက်ဆစ်တော်လှန်ရေးနေ့မှာ ယင်းမာပင်မြို့က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့မှာရှိတဲ့ စစ်ကောင်စီတွေအထိုင်ချရာ စခန်းတွေကို ယနေ့မတ်လ ၂၇ ရက် မနက်အစောပိုင်းက ဒေသခံမဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ Myanmar National Armed Force MNAF က သတင်းထုတ်ပြန်ထားပါတယ်။

ယင်းမာပင်မြို့ပေါ်က စုပေါင်းရုံးနဲ့လဝကရုံးတွေကို ဒီနေ့မနက် ၃ နာရီကနေ ၅ နာရီအတွင်းမှာ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ MNAF အဖွဲ့ တပ်ရင်းတာဝန်ခံ ဗိုလ်ရောင်နီက ပြောပါတယ်။


"ဒီနေ့မှာက သူတို့တပ်မတော်နေ့ဆိုပြီး အခမ်းအနားတွေလုပ်ကြမှာ။ ပျော်ပွဲရွှင်ပွှဲတွေ လုပ်ကြမှာ။ ပြည်သူတွေကိုတော့ ဖိနိပ်ချုပ်ချယ်ပြီး သူတို့ကျတော့ ပျော်ပွဲရွှင်ပွဲတွေလုပ်မှာဆိုတာကို မခံချင်လို့ သွားရောက်တိုက်ခိုက်ခဲ့တာပါ" လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတလုံးသာ ပြန်လည်ပစ်ခတ်ခဲ့ကာ ထိခိုက်သေဆုံးမှုကိုတော့ မသိရရှိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးတပ်ဖွဲ့တွေ ပစ်ခတ်နေချိန်မှာ လက်နက်ငယ်အဖွဲ့တွေနဲ့လည်း အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ Myanmar National Armed Force -MNAF တပ်ရင်းက Chindwin Toe Na Yar PDF တပ်ခွဲ ဦးဆောင်ပြီး SSTF ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၉(ဒေါင်းမင်း)၊ Yoma Fighter၊ ချင်းတွင်း Revolutionality Fighter၊ မြွေဆိုး၊ သခင်ဒေါင်းညို၊ ဆားလင်းကြီးဆရာကျောင်း တို့က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး Myanmar National Armed Force - MNAF တပ်ရင်းက Jungle Hunter Revolution Forceတပ်ခွဲ၊ Special 7 Attacks Forces-MSAF တပ်ခွဲ၊ မုံရွာခရိုင်တပ်ရင်း ၂၅ (သံမဏိတပ်ခွဲ-၂)၊ M.7 PDA၊ ဘာမရှောင်၊ C.R.F အဖွဲ့တို့က လက်နက်ငယ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလ ၉ ရက် ညကလည်း MNAF အဖွဲ့ဟာ ယင်းမာပင်မြို့ပေါ်က စစ်ကောင်စီအထိုင်ချရာ စစ်ကောင်စီစခန်းနဲ့ ထွေအုပ်ရုံးတွေကိုလည်း မဟာမိတ်တွေနဲ့ပေါင်းကာ တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10