ဖက်ဒရယ်ပြည်ထောင်စုရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ MSPDF ပြော (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက်ဖြစ်တဲ့ စစ်ကိုင်းခရိုင်တပ်ရင်း (၄) MSPDF တပ်ဖွဲ့ဟာ ဖက်ဒရယ်ပြည်ထောင်စုရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဇွန်လ ၁၉ ရက် ဒီနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့မှာ ပြောဆိုထားခဲ့ပါတယ်။

MSPDF တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတရပ် ပေါ်ပေါက်လာတဲ့အထိ အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ကြောင်းနဲ့ နောက်နှစ်တွေလည်း ဖက်ဒရယ်ပြည်ထောင်စုအတွက် အဆုံးတိုင် တိုက်ပွဲဝင်သွားမယ်လို့လည်း Myaung Special People’s Defence Force (MSPDF) တပ်ဖွဲ့က တာဝန်ခံတဦးကပြောပါတယ်။

အဲဒီနောက် MSPDF တပ်ဖွဲ့ဟာ “ခွန်အားဖြည့်မိငယ်” သီချင်းနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြောင် #ဒေါ်အောင်ဆန်းစုကြည် #၇၈နှစ်ပြည့်မွေးနေ့ဂုဏ်ပြု #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10