သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်က ပျူစောထီး ၂ ဦး ဒီဇင်ဘာလ ၁ ရက်ညနေ ၅ နာရီလောက်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ သဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
သဲကုန်းမြို့နယ်၊ ဓါးသွေးကျောက်ရွာမှာနေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် မျိုးကိုကိုနဲ့ ညီဖြစ်သူ အသက် ၂၂ နှစ်အရွယ် ထက်ကိုကိုတို့ကို ကျွဲသေရွာနဲ့ မြိုင်ပေါ်ရွာကြားမှာ ဒီဇင်ဘာ ၁ ရက် ညနေ ၅ နာရီခွဲ ဝန်းကျင်က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
“မျိုးကိုကိုကို သေနတ်နဲ့ ၃ ချက်၊ ထက်ကိုကိုကို သေနတ်နဲ့ ၁ ချက်ပစ်ခတ်တာပါ။ ၂ ဦးစလုံးနေရာမှာပဲ သေဆုံးသွားတယ်” လို့ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
အဲ့ဒီညီအကို ၂ ဦးဟာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းနေတဲ့အပြင် အသတ်ခံခဲ့ရတဲ့ ဖခင်ဖြစ်သူအတွက် PDF တွေကို လက်စားချေမယ်လို့ ကြွေးကြော်ထားတာတွေလည်းရှိတာကြောင့် ခုလိုရှင်းလင်းခဲ့တာလို့ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်မှုထမ်းစုဆောင်းရာမှာလည်း တက်ကြွစွာပူးပေါင်းနေသူတွေဖြစ်ပြီး သူတို့ကြောင့်ဒေသခံ ၂ ဦးလည်းဖမ်းဆီးခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါသေးတယ်။
အဲဒီညီအကိုနှစ်ဦးရဲ့ဖခင်ဟာ ဓါးသွေးကျောက်ရွာအုပ်စုအုပ်ချုပ်ရေးမှူး ကိုစိုးကြီးဖြစ်ပြီး အခုနှစ် ဇူလိုင် ၁၆ ရက်ညပိုင်းမှာ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၅ က သူ့ရဲ့နေအိမ်မှာပဲ သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကျခတ္တန်းအုပ်စု ဆင်ပိုက်(အနောက်စုရွာ)က အုပ်ချုပ်ရေးအဖွဲ့ဝင်ကိုကိုဦးကို ပဲခူးရိုးမအခြေစိုက် BTZM GBK PDFတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ရာ သေဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #သဲကုန်း #ပျူစောထီး #အသတ်ခံရ
Share Share Share