ဖဲရိုက်နေတဲ့ ပျူစောထီးတဦး သေနတ်နဲ့ပစ်သတ်ခံရ

ဖဲရိုက်နေတဲ့ ပျူစောထီးတဦး သေနတ်နဲ့ပစ်သတ်ခံရ

ပဲခူးတိုင်းနဲ့ နယ်မြေထိစပ်နေတဲ့ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က ပျူစောထီးခေါင်းဆောင် အမျိုးသားတဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်

တိုက်ကြီးမြို့နယ်၊ ပန်းပင်တန်းကျေးရွာအုပ်စု၊ ပိန်းသျိုရွာက ရာအိမ်မှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ကိုဝင်းမောင်ကို ဇွန် ၁၉ ရက် ညနေ ၄ နာရီကျော်လောက်မှာ အဲဒီရွာကဖဲဝိုင်းမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့ဖဲရိုက်နေတဲ့ ဖဲဝိုင်းကိုဝင်ပြီးတော့ ခေါင်းကိုတည်ပြီး ၂ ချက်ပစ်ခဲ့တာ”  လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုဥက္ကာက ပြောပါတယ်။

တိုက်ခိုက်မှုအပြီး မိနစ် ၂၀ လောက်အကြာမှာ စစ်ကောင်စီအဖွဲ့ဝင်တွေရောက်လာပြီး ကျေးရွာအတွင်း စစ်ဆေးမှုတွေလုပ်ပြီး အလောင်းကိုသယ်သွားခဲ့ကာ ဒီမနက်အစောပိုင်းအထိ နေအိမ်ကို အလောင်းပြန်ပို့ မလာသေးဘူးလို့ သူကဆက်ပြောပါတယ်။

ကိုဝင်းမောင်ဟာ စစ်ကောင်စီတပ်သားတွေနဲ့ပတ်သက်မှုရှိပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်သားတွေကို အိမ်ခေါ်ထမင်းကျွေးပြီး ဒီကုန်ကျစရိတ်ထက်ပိုတဲ့ငွေကြေးကို ကျေးရွာသားတွေဆီက ပြန်တောင်းတာတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးလည်းဖြစ်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ တပ်မတော် ထောက်ခံပွဲတွေအတွက် နေ့စား ကျပ် ၁ဝဝဝဝ ပေးကာ လူစုဆောင်းပေးရသူလည်းဖြစ်တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဝင်းမောင်ဆီက စာရွက်စာတမ်းတွေ၊ မှတ်ပုံတင်ကဒ်၊ ကြံ့ခိုင်ရေးပါတီဝင်ကဒ် ဖုန်း ၁ လုံး နဲ့ ဆိုင်ကယ်အပြင် ဖဲဝိုင်းအတွင်းက ငွေကျပ် ၃ သိန်း၊ ရွှေဆွဲကြိုး ၁ ကုံး၊ လက်စွပ် ၁ ကွင်း တို့ကို သိမ်းဆည်းခဲ့ပြီး အဲဒီပစ္စည်းတွေကို သာယာဝတီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အပ်နှံနိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ကိုဥက္ကာက ပြောပါတယ်။ 

သာယာဝတီဂဠုန်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကလည်း လက်ပံတန်းမြို့နယ်၊ အရှေ့ရေငံအုပ်စု ထန်းပင်ချောင်ရွာက စစ်ကောင်စီသတင်းပေးလို့ သတင်းထွက်နေတဲ့ ကိုဝင်းအောင်ကိုလည်း နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 

ပုံစာ -  သေဆုံးသူနှင့် သိမ်းဆည်းခဲ့သည့် ပစ္စည်းများ။

စာတည်း - လင်း

#မြေလတ်အသံ 

#တိုက်ကြီး #ပျူစောထီး #ပစ်ခတ် #သေဆုံး #သာယာဝတီဂဠုန်တပ်ဖွဲ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10