ဖြူးနယ် ညောင်ပင်သာရဲစခန်းကို မဟာမိတ်တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူးမြို့၊ ရန်ကုန်မန္တလေးလမ်းမပေါ်ရှိ ညောင်ပင်သာနယ်မြေရဲစခန်းကို ဒီဇင်ဘာ ၁၃ ရက်မှာ မဟာမိတ်တပ်ဖွဲ့ဝင်တွေကစခန်းသိမ်း တိုက်ခိုက်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA တပ်ဖွဲ့ဆီက သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲကို မနက် ၅ နာရီအချိန်ခန့်မှာ စတင်တိုက်ခိုက်ခိုက်ခဲ့ပြီး ၁ နာရီကျော်အကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ညောင်ပင်သာရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

"စစ်တပ်ဘက်က ၁၀ ဦး ထိခိုက်သေဆုံးမှု ရှိပါတယ်။BPLA တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ရဲဘော်တဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ် " လို့ BPLA တပ်ဖွဲ့သတင်းတာဝန်ခံ ကိုလင်းလင်းက ပြောပါတယ်။ ဒဏ်ရာရရှိတဲ့ ရဲဘော် ၄ ဦးကို ဆေးဝါးကုသပေးနေတယ်လို့ သူကဆက်ပြောပါတယ်။

စခန်းတိုက်ပွဲအပြီး သိမ်းဆည်းရမိသော လက်နက်ပစ္စည်းတွေမှာ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉မမ ကျည် ၈၀ တောင့်၊ ၆၀ မမဗုံးသီး ၂၇ ခု၊ G2 ၁ လက်၊ G3 ၂ လက်၊ ပြောင်းချော ၄ လက်၊ BA 94 ၂ လက်၊ MA 13 ၁ လက်၊ Tear Gas Gun ၂ ခု၊ လက်ပစ်ဗုံး  ၆ လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထိပ် ၄ ခု၊ လက်တော့ ၁ လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး ၁ လုံး ၊ ကျည်ကာ ၂ စုံ၊ ဦးထုပ် ၅ လုံး၊ G3 ကျည်ဘောက် ၆ ခုနဲ့ ၉လုံးကျည် ၂၀၁ တောင့် တို့သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA တို့ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဖြူး #ညောင်ပင်သာရဲစခန်း  #စခန်းသိမ်းတိုက်ပွဲ #လက်နက်ခဲယမ်း #သိမ်းဆည်းရမိ #ထိခိုက် #စစ်ကောင်စီ #PDF #မြေလတ်ရုပ်သံ #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10