ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA က တပ်သားသစ်ခေါ်နေ

နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် Bamar Peoples Liberation Army-BPLA တပ်ဖွဲ့လည်းပါဝင်နေပြီး သင်တန်းသားအသစ်တွေခေါ်ယူ စုဆောင်းနေတယ်လို့ BPLA တပ်ဖွဲ့ဆီက သိရပါတယ်။

နေ့စဥ်နဲ့အမျှ တိုက်ပွဲတွေဖြစ်ပွားနေရာ တော်လှန်ရေးတပ်သားလိုအပ်ချက်တွေလည်း ရှိလာတာကြောင့် ၂၀၂၃  အောက်တိုဘာ ၁၇ ရက်ကစပြီး သင်တန်းအသစ် ပြန်စကာ တပ်ရင်းတရင်းစာအတွက် သင်တန်းသားတွေ ခေါ်ယူနေတာလို့ ဆိုပါတယ်။

သင်တန်းသားလျှောက်လိုသူတွေကတော့ ဘယ်နေရာ ဒေသမဆို လျှောက်ထားနိုင်ပြီး တပ်ရဲ့မူဝါဒတွေနဲ့ အသေးစိတ်အချက်အလက်ကို Bamar People's Liberation Army Facebook page မှာ စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#BPLA #တပ်သားသစ်စုဆောင်း #မြေလတ်သတင်း #ရုပ်သံသတင်း #နွေဦးတော်လှန်ရေး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10