ဗိုလ်ဒဿအတွက် မုံရွာပြောက်ကျားအဖွဲ့က လက်တုံ့ပြန်တိုက်ခိုက်လို့ စစ်သား ၂ ဦးသေဆုံး

ဗိုလ်ဒဿအတွက် မုံရွာပြောက်ကျားအဖွဲ့က လက်တုံ့ပြန်တိုက်ခိုက်လို့ စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ-အမြင့်လမ်းမှာရှိတဲ့ လဝက(မှတ်ပုံတင်)ရုံးဟောင်းက စစ်ကောင်စီတပ်သားတွေကို ဇွန်လ ၁၂ ရက် ဒီမနက် ၁၀ နာရီလောက်မှာ တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ မုံရွာမြို့ ပြောက်ကျားတပ်ပေါင်းစု ခေါင်းဆောင်ဆီက သိရပါတယ်။

လွန်ခဲ့တဲ့ ၆ လလောက်ကတည်း အင်အား ၆ ဦးလောက်နဲ့ကင်းစခန်းချထားတဲ့ စစ်သားတွေကို ဒီမနက် ၁၀ နာရီ လောက်မှာ ဒဿ Monywa PDF ခေါင်းဆောင် ဗိုလ်ဒဿသေဆုံးခဲ့မှုအတွက် လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ UG တပ်ပေါင်းစုခေါင်ဆောင် ဗိုလ်တိုက်ဂါးကပြောပါတယ်။

"တပည့်ဖြစ်တဲ့ ဗိုလ်ဒဿကျဆုံးတာကို ဒီနေ့လက်တုံ့ပြန်ခဲ့တာပါ။ လဝကရုံးဟောင်းထဲကနေ စစ်သား ၂ ယောက်ထွက်လာတာကို လက်ဦးမှုယူပြီး ပစ်ခတ်ခဲ့တယ်။ နေရာမှာပဲ ၂ ယောက်စလုံး ပွဲချင်းပြီးသေတယ်။ ရုံးထဲကနေပြီးတော့လည်း ပြန်လည်ပစ်ခတ်တာတွေရှိပေမယ့် ကျနော့်ရဲဘော်တွေအန္တရာယ်ကင်းပါတယ်" လို့ သူက ပြောပါတယ်။

ရဲဘော် ၃ ဦးကို ကင်းထောက်ရှေ့ကလွှတ်ကာ လိုက်ပါလာတဲ့ ရဲဘော် ၅ ဦးက လက်နက်ငယ် ၃ လက်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးတဲ့စစ်သား ၂ ဦးကို စစ်ကောင်စီဘက်က မုံရွာမြို့ထဲကို ကားနဲ့သယ်သွားခဲ့တယ်လို့ လည်း ဗိုလ်တိုက်ဂါကဆက်ပြောပါတယ်။

ဒဿ MonYwa PDF ကို တည်ထောင်သူ ဗိုလ်ဒဿဟာ ဇွန်လ ၃ ရက်၊ မုံရွာမြို့နယ်နဂါးတွင်းရွာအတွင်းမှာ စစ်တပ်က ပစ်သတ်လို့ ကျဆုံးခဲ့တာဖြစ်ပါတယ်။ 

တိုက်ခိုက်မှုအပြီး နေ့လယ်ပိုင်းမှာ စစ်တပ်က မုံရွာမြို့နယ် လဝကရုံးဟောင်းအနီးက ညောင်ပင်သာရွာကို စစ်ကြောင်းထိုးကာ နေအိမ် ၄ လုံးကိုမီးရှို့ခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့ကို စစ်ကောင်စီက ဖေဖေါ်ဝါရီလ ၂ ရက်က စစ်အုပ်ချုပ်ရေးကြေညာထားတာဖြစ်ပြီး လုံခြုံရေးတင်း ကြပ်ထားသလို ဒေသခံကာကွယ်ရေးတပ်ကလည်း မြို့ပေါ်တိုက်ခိုက်မှုတွေ မကြာခဏဆိုသလိုပြုလုပ်နေတာ လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂ ရက် ည ၉ နာရီခွဲလောက်ကလည်း စစ်သားအင်အား ၂၀၀ လောက် တပ်စွဲထားတဲ့မုံရွာစီးပွားရေးတက္ကသိုလ်ထဲကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ Snipe Rangers Force (LPDF)အဖွဲ့က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါသေးတယ်။

ပုံစာ - ဇွန်လ ၃ ရက်က မုံရွာမှာ ကျဆုံးသွားခဲ့တဲ့ ဗိုလ်ဒဿ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့  #မုံရွာအမြင့်လမ်း #PDF #ဗိုလ်ဒဿ #မုံရွာပြောက်ကျား #လက်တုံ့ပြန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10