ဗူးခွံ ကောက်ရောင်းပြီး ဘဝပြန်စနေတဲ့ စစ်ရှောင်မိသားစု  (ရုပ်သံဆောင်းပါး)

အညာအရပ်က စစ်ဘေးရှောင်တွေဟာ စစ်ရှောင်စခန်းတွေထဲမှာ ကာလကြာလာတာနဲ့အမျှ မိသားစုစားဝတ်နေရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာပါ။ 

အလှူရှင်တွေရောက်လာတဲ့ နေ့မျိုးဆိုရင် တမင်းတနှပ်ကို ဟင်းကောင်းကောင်းနဲ့ စာရပေမယ့် နောက်ရက်တွေမှာတော့ စစ်ရှောင်စခန်းဝန်းကျင်က သီးနှံစားပင်တွေကို ရှာဖွေ ချက်ပြုတ်စားသောက် နေကြရပါတယ်။ သူတို့အတွက် ပုံမှန်အလုပ်မရှိတာကြောင့် ဝင်ငွေဆိုတာလည်း မရှိသလောက်ပါ။ ကြုံရာကျပန်းအလုပ်တွေ တောင်ယာစိုက်ပျိုးအလုပ်မျိုးတွေတောင် ပုံမှန်မရှိကြပါဘူး။

အခုမြင်တွေ့ရတာကတော့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အနောက်ခြမ်းမှာ စစ်ရှောင်နေကြရတဲ့ ဒေသခံပြည်သူ ၂ သောင်းကျော်ထဲက မိသားစုတစုပါ။ ကျောင်းနေအရွယ် ကလေးနှစ်ယောက်နဲ့အတူ ၁၀ပေ ပတ်လည်သာသာ တဲအိမ်လေးထဲမှာ အမိုးအကာ မလုံမခြုံနဲ့ သားအမိ ၄ ယောက် နေလာခဲ့ကြတာ ၈ လကျော်လာပြီ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူက စစ်ရှောင်တဝိုက်မှာ စွန့်ပစ်ပစ္စည်းတွေနဲ့ ဗူးခွံတွေကို လိုက်ကောက်ပြီး ရောင်းနေတာပါ။ ဗူးခွံတွေရောင်းလို့ ရတဲ့ပိုက်ဆံနဲ့  မိသားစုစားစရိတ်ရပေမယ့် ဝဝလင်လင် စားရတာမျိုးတော့ မဟုတ်ပါဘူး။ ဆန်ဖိုး၊ ဟင်းဖိုး အနည်းကျည်းသာ သုံးပြီး ဇနီးဖြစ်သူ တတ်ကျွမ်းထားတဲ့ လက်လုပ် လက်ဆွဲခြင်းတွေ ရက်လုပ်ဖို့ကို ရင်းနှီးရတယ်လို့  ဖခင်ဖြစ်သူ ကိုကျော်ကြီးက ဆိုပါတယ်။

အင်တာဗျူး - ဒိန်းဂျား၊ ဆောင်းပါးနှင့် တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဗူးခွံကောက် #စစ်ရှောင်မိသားစု #လူမှုဘဝ #ရုပ်သံဆောင်းပါး #အညာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10