ဗျူဟာသင်တန်းဆင်း PDF တွေကို ပြည်သူတွေကကြိုဆို၊ တိုက်ပွဲပြန် PDF တွေနဲ့အတူ မုန့်ဖိုးပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်က ရဲဘော်တွေကို မုန့်ဖိုးပေးပြီး ဗျူဟာသင်တန်းဆင်း PDF တွေကိုလည်း မတ်လ ၂၄ ရက်မှာ ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုနှုတ်ဆက်ခဲ့တယ်လို့ ဓားမဆိုင်းတပ်မတော်ဆီက သိရပါတယ်။

ပြည်သူတွေက သင်တန်းဆင်းရဲဘော်တွေနဲ့ တိုက်ပွဲပြန်ရဲဘော်တွေကို အောင်သပြေပန်းတွေနဲ့ ဝမ်းပန်တသာ ကြိုဆိုနေကြသလို ဆုငွေပေးတာ၊ ဖျော်ရည်မျိုးစုံလည်း လက်ဆောင်ပေးကြတယ်လို့ တာဝန်ခံ ဗိုလ်စွမ်းက ဆိုပါတယ်။

မတ်လ ၂၅ ရက် မနက်ပိုင်းမှာ ရဲဘော်တွေကိုယ်ပိုင်သုံးဖို့အတွက် ငွေကြေးကို မိဘတွေဆီ ပြန်တောင်းတာမျိုးမရှိအောင် တပ်ရင်းက မုန့်ဖိုးငွေပေးခဲ့တယ်လို့ သိရပါတယ်။

"ရဲဘော်တွေက ဖုန်းဘေလ်ဘိုးနဲ့သုံးဖို့ငွေ အိမ်ကိုပြန်တောင်းတာ သိလိုက်ရတာ။ အိမ်ကို ပြန်မတောင်းစေချင်လို့ ပေးတာပါ။ တလ မုန့်ဖိုး တဦးကို တသောင်း၊ နှစ်သောင်းလောက် ပေးဖြစ်ပါတယ်" လို့ တပ်ရင်းတာဝန်ခံ ဗိုလ်စွမ်းက ပြောပါတယ်။

တပ်ရင်းက PDF ရဲဘော်၊ ရဲမေ ၃၇ ဦးကို မုန့်ဖိုးငွေအဖြစ် ၅၀၀၀၀ ကျပ်စီနဲ့ ကျန်တဲ့ရဲဘော် ၄၀ ကျော်ကို ၁၀၀၀၀ ကျပ်နှုန်းဖြင့် ငွေသိန်း ၂၀ ကျော်မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်- ငြိမ်းဇော်

# မြေလတ်သတင်း

#စစ်ကိုင်း #ယင်းမာပင် #သင်တန်းဆင်း PDF #တိုက်ပွဲပြန်PDF #ပြည်သူတွေကကြို ဆို #မုန့်ဘိုးငွေပေး #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10