ဘန့်ဘွေးရွာက ပျူစောထီးတွေကို အင်အားသုံးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာက ပျူစောထီးတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၁၀ ရက် မနေ့ ညနေ ၆ နာရီလောက်မှာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Salingyi Border Task Force - SBTF တပ်ဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီဘန့်ဘွေးရွာထဲကို မီတာ ၈၀၀ အကွာကနေ အရှေ့၊ အနောက်၊ တောင် သုံးနေရာခွဲပြီး ၆၀ မမ၊ ၈၀ မမ၊ Rocket လက်နက်ကြီးတွေ နဲ့ တချိန်တည်းမှာပဲ ပစ်ခတ်ခဲ့ရာက ပျူစောထီတွေးနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီနီးပါးဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“သူတို့ ထိခိုက်ကျဆုံးမှုတွေတော့ ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ထိခိုက်ကျဆုံးရှိလို့ ကျနော်တို့ဆီ မဲပြီးတော့ စစ်ကြောင်းပုံစံဝိုက်ပြီး ပြန်ထိုးလာတာ။ ဘန့်ဘွေးပျူရွာကို ကျနော်တို့သွားရောက် တိုက်ခိုက် တာ ၁၀ ကြိမ် ၁၅ ကြိမ်လောက်ရှိပြီး။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျနော်တို့ ၄ မြို့နယ်ပေါင်း ပြီးမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကခဲ့ပါတယ်” လို့ Salingyi Border Task Force - SBTF အဖွဲ့တာဝန်ခံတဦးက ပြောပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတုန်းမှာပဲ အဲ့ဒီရွာ နဲ့  မီတာ ၂၀၀၀ ကျော်လောက်ဝေးတဲ့ ချင်းတွင်းတံတားအနောက်ဘက် အောင်ဇေယျာကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက စစ်ကူလာရောက်ခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု ဆက်လက် ဖြစ်ပွားခဲ့သေးတယ်လို့ SBTF အဖွဲ့ တာဝန်ခံက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုကို ပုလဲ၊ ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီးတောင်ခြမ်း၊ မြောက်ခြမ်းက ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးသွားရောက်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေ့မနက်မှာတော့ ဘန့်ဘွေးရွာနဲ့ အောင်ဇေယျာကုန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေပြီး လက်နက်တွေနဲ့ လိုက်လံပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။

Salingyi Border Task Force တပ်ဖွဲ့ဟာ ဇန်နဝါရီ ၇ ရက်ကလည်း သီတဂူကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တာဝေးပစ်ဗုံးသီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သံသတင်း #စစ်ကိုင်းတိုင်း #ယင်းမာပင်ခရိုင် #SBTF  #တော်လှန်ရေးအင်အားစု #လက်နက်ကြီးပစ်ခတ်မှု #ပျူစောထီး #စစ်ကောင်စီ #နွေဦးတော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10