ဘုတလင်က စစ်ရှောင်တွေကို PDF နဲ့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက ရိက္ခာတွေလှူဒါန်းပေးခဲ့ (ရုပ်/သံ)

ဘုတလင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုး၊ မီးရှို့၊ လူသတ်တာတွေကြောင့် စစ်ရှောင်နေရတဲ့ ဘုတလင်မြို့နယ်အတွင်းက စစ်ရှောင်ပြည်သူတွေကို ဆန်နဲ့ ရိက္ခာတွေထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဘုတလင်မြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ ကျော်က စစ်ရှောင်အိမ်ထောင်စု ၁ သောင်းကျော်၊ လူဦးရေစုစုပေါင်း ၃ သောင်းကျော်ဟာ အရေးပေါ်စစ်ရှောင်တိမ်းရတာဖြစ်တဲ့အတွက် စားသောက်ဖို့အခက်အခဲတွေ ရှိနေကြပါတယ်။

စစ်ရှောင်အိမ်ထောင်စု ၁၅၄ စုအတွက် ၁ အိမ်ထောင်ကို ဆန် ၄ ပြည်နှုန်းနဲ့ စုစုပေါင်းဆန် ၆၁၆ ပြည်ကို အောက်တိုဘာ ၂၇ ရက်က ထောက်ပံ့ပေးခဲ့တယ်လို့ S&C အဖွဲ့တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။

ဒါ့အပြင် S&C အနေနဲ့ ဘုတလင်နယ်က အိမ်ထောင်စု ၂,၀၀၀ ခန့်ကို ဆန်တွေဆက်လက်လှူဒါန်းသွားဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

အလားတူ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့ကလည်း စီပါရွာနဲ့ဆယ်ဝရွာ ပြည်သူ ၂၃၀ ဦးကို အောက်တိုဘာ၂၅ ရက်မှာ ထမင်းတနပ်ကို အာဟာရဒါနအဖြစ် ကျွေးမွေးခဲ့ပြီး 96 Donation အဖွဲ့ကတော့ ဘုတလင်နယ်က စစ်ရှောင်စခန်း ၆ နေရာကို အောက်တိုဘာ၂၈ ရက်မှာဆန်အိတ် ၅၀၊ ဆီ ၁၀ ပိဿာပါ ပုံး ၂၀ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့နဲ့ ဘုတလင်မြို့နယ် သပိတ်အင်အားစုအဖွဲ့တို့ကလည်း  အောက်တိုဘာ၂၃ ရက်မှာ တနေ့တာအတွက် ထမင်း ၂ နပ်ကို ကျွေးမွေးဒါနပြုခဲ့ကာ အောက်တိုဘာ၂၈ရက်မှာ ရိက္ခာတွေကိုလှူဒါန်းခဲ့ပါသေးတယ်။

ဘုတလင်နယ်က စစ်ရှောင်ပြည်သူတွေဟာ အောက်တိုဘာ ၁၅ ရက်က စတင်ကာစစ်ရှောင်နေကြတာဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်မှာလည်း ဘုတလင်နယ်အတွင်းကို တပ်မ ၃၃ စစ်သားတွေနဲ့ ရဲတွေက စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ဘုတလင် #စစ်ရှောင် #ကူညီ #ရိက္ခာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10