ဘုတလင်နယ်မှာ ယာဉ်တိုက်မှုဖြစ်လို့ ၂ ဦးသေပြီး ၁၀ ဦးကျော်ဒဏ်ရာရ (ရုပ်/သံ)

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ယာဉ်တိုက်မှုဖြစ်လို့ ကားစပယ်ယာ ၁ ဦး နဲ့ ခရီးသည် ၁ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၅ ရက် မနေ့က မနက် ၁၁ နာရီကျော်လောက်မှာ ရေဦးကနေထွက်လာတဲ့ နယူးစိန်ဌေးလှိုင်ကားနဲ့ ရန်ကုန်ကနေ ရေဦး ဘက်ကိုလာတဲ့ နယူးစွမ်းကားတို့  ဘုတလင်မြို့နယ် လက်ပန်ရွာနားအရောက်မှာ ဖင်ချင်းပွတ်တိုက်မိရာကနေ နယူးစိန်ဌေးလှိုင်ကား တိမ်းမှောက်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။  

နယူးစိန်ဌေးလှိုင်ကားမှာ လိုက်ပါတဲ့ စပါယ်ယာ ၁ ဦး‌ ပွဲချင်းပြီးသေဆုံးသွားပြီး ဆေးရုံရောက်တဲ့အချိန်မှာတော့ နောက်ထပ် ခရီးသည်အမျိုးသား ၁  ဦးလည်း ထပ်မံသေဆုံးသွားတယ်လို့ ဆိုပါတယ် ။

သေဆုံးသွားတဲ့ကားစပါယ်ယာက နွားထိုးကြီးကဖြစ်ပြီး ခရီးသည်ကတော့ နေရပ်မသိရသေးကာ သွေးထွက်လွန်ပြီး ဆေးရုံအရောက်မှာ ဆုံးသွားတယ်လို့ သိရပါတယ်။ ဒါအပြင် ခရီးသည် ၁၀ ဦးကပြင်းထန်ဒဏ်ရာရကာ ၇ ဦးက မစိုးရိမ်ရပါဘူး လို့ ဘုတလင်မြို့နယ်ခံ ကိုပတ္တမြားက ပြောပါတယ် ။

ယာဉ်တိုက်မှုဖြစ်ပြီးတဲ့နောက်မှာတော့  စစ်ကိုင်းလူမှု့ကူညီကယ်ဆယ်ရေးမှကားတွေ ရောက်လာပြီး ဒဏ်ရာရသူတွေကို စစ်ကိုင်းမြို့‌ကို သယ်ဆာင်သွားတယ်လို့လည်း သိရပါတယ်။

ယာဉ်မောင်း‌တွေကိုတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးသွားပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ အပ်နှံလိုက်ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ် ။

ဘုတလင်နယ်မှာ အခုလိုယာဉ်တိုက်မှုဖြစ်တာဟာ ပထမ အကြိမ်ဖြစ်ပြီး သိမ်းမှောက်သွားတဲ့ နယူးစိန်ဌေးလှိုင်ကားကိုတော့ ကရိန်းကား နဲ့ လာရောက်ဆွဲယူသွားပြီးဖြစ်တယ်လို့ သိရပါတယ် ။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဘုတလင် #လက်ပန်ရွာ #ယာဉ်တိုက်မှု #၂ ဦးသေဆုံး #၁၀ဦးကျော်ဒဏ်ရာရ #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10