သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က နေရာသုံးခုမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန် ၂၇ ရက် ညနေမှာ ပူးပေါင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူတွေ အများအပြားရှိတယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် - ADPRA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုက်ပွဲအတွင်း နှစ်ဘက်အပြန်အလှန် ပစ်ခတ်တာကြောင့် နှစ်ဘက်ထိခိုက်တာတွေအပြင် စစ်ကောင်စီတပ်ဘက်က သေဆုံးသူ အများအပြားရှိတယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ADPRA၊ PLA၊ BLDF၊ SAF၊ RSF၊ မုံရွာ ခရိုင် ရင်းအမှတ် ၂ဝ - BOB၊ ရွှေဘိုခရိုင် တပ်ရင်းအမှတ် ၂၀၊ ရေဦး ပကဖ ဖီးနစ်တပ်ခွဲ၊ ရေဦး ပကဖ Galaxy Force၊ GZ တပ်ဖွဲ့ (တန့်ဆည်)၊ ဝံသပါလတပ်ဖွဲ့ (ရေဦး)နဲ့ ဘုတလင် ပကဖ တို့ ပူးပေါင်းခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၂ ရက်ကလည်း ADPRAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မုံရွာမြို့နယ် ကျောက်ဆစ်ပုံအမြောက်တပ်ရင်းကို ၆၀ မမ၊ ၁၂၀ မမတွေနဲ့လည်း တိုက်ခိုက်ခဲ့ကြပါသေးတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ဘုတလင် #စစ်တပ် #အထိုင်ချ #နေရာသုံးခု #တိုက်ခိုက်ခံရ
Share Share Share