ဘုတလင်မြို့နယ်အတွင်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ ဒေသခံ ၂ ဦးသေဆုံး

ဘုတလင်မြို့နယ်အတွင်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ ဒေသခံ ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ဇွန် ၁၃ ရက်က စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲခဲ့တာကြောင့် ညောင်ကုန်း ကျေးရွာက ဒေသခံအရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန် ၁၃ ရက် ည ၇ နာရီ ၂၅ မိနစ်အချိန် တံတားဦးလေဆိပ်ကထွက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးထဲက ၁ စီးဟာ ညောင်ကုန်းရွာဝန်းကျင်ကို ဗုံးကြဲချခဲ့တာကြောင့် ရွာအပြင်သို့ ထွက်ပြေးတိမ်းရှောင်ကြတဲ့ ညောင်ကုန်းရွာက အသက် ၅၀ အရွယ် ဦးမင်းငြိမ်းဟာ ဦးခေါင်းပြတ်ထွက်သွားပြီး ဇနီးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်စန်းစန်းဌေးကတော့ ဦးခေါင်းညာဘက်ခြမ်းပွင့် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

အလားတူ ထန်းတောကျေးရွာက အမျိုးသမီးတဦးလည်း ဗုံးစထိမှန်ပြီး ပေါင်ကျိုးသွားတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။ 

အဆိုပါ ဂျက်လေယာဉ် ၂ စီးထဲက တစီးဟာ ကံစွယ်၊ မရိုးတော ၊ ညောင်ကုန်း၊ ထန်းတော စရှိတဲ့ကျေးရွာအနီး ဝန်းကျင်တွေကို  ၅ မိနစ်နီးပါးပစ်ခတ်သွားပြီး  ကျန်တစီးကတော့ ဘုတလင်မြို့နယ်ကို လှည့်ပတ်ခဲ့တယ်လို့ လည်း ဆိုပါတယ်။ 

လေယာဉ်ဗုံးကြဲတာကြောင့် ရွာအပြင်ရှောင်တိမ်းသူတွေ ထိခိုက်ခဲ့ပေမယ့် ကျေးရွာထဲက လူနေအိမ်တွေ ထိခိုက် ပျက်စီးတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဘုတလင် #စစ်ကောင်စီ #လေယာဉ်ဗုံးကြဲ #ညောင်ကုန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10