ဘုတလင်မြို့ဝင်ဂိတ်က စစ်အုပ်စု RPG အပါ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခံရ (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အဝင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနေတဲ့ နေရာတွေကို​ မတ်လ ၁၄ ရက် မနေ့က မနက် ၁၁ နာရီလောက်က တိုက်ခိုက်ခဲ့တယ်လို့ Myanmar Defense Force က ပြောပါတယ်။

ကြောင်ပန်းဂိတ်က စစ်ကောင်စီတပ်သားတွေဟာ ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို အကြောင်းအမျိုးမျိုးပြကာ ငွေကြေးကောက်ခံနေသလို အကြောင်းမဲ့ မကြာခဏ ဖမ်းဆီးခြင်းတွေ ပြုလုပ်နေပြီး အနီးမှာရှိတဲ့ သစ်တောရုံးအတွင်းမှာလည်း အထိုင်ချထားသလို DENKO ဆီဆိုင်‌ထဲမှာလည်း ကင်းပုန်းတွေ အမြဲချထားလို့ အခုလို သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ဒီတိုက်ခိုက်မှုကို MDF-Special Force (ရွှေဘိုခရိုင် အမှတ် -၂၆) တပ်ရင်းက လင်းယုန်စစ်ကြောင်း၊ ကျောင်းသားလက်ရုန်းတပ်တော် (SAF) နဲ့ ဗန္ဓုလ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ရေးရဲဘော်အားလုံး အန္တရာယ်ကင်းခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10