ဘုန်းကြီးကျောင်း ဓမ္မာရုံဆောက်ရာမှာ ဝင်ကူနေတဲ့ ဓားမဆိုင်းတပ်ဖွဲ့

ဘုန်းကြီးကျောင်း ဓမ္မာရုံဆောက်ရာမှာ ဝင်ကူနေတဲ့ ဓားမဆိုင်းတပ်ဖွဲ့

စစ်ကိုင်းတိုင်း၊ ကျေးရွာတရွာက ဘုန်းကြီးကျောင်း ဓမ္မရုံဆောက်လုပ်နေတာကို ဓားမဆိုင်းတပ်ဖွဲ့တွေက မေလ ၃ ရက် ဒီနေ့မနက်မှာ သွားရောက်ဝိုင်းကူတဲ့အပြင် အလှူငွေတချို့ပါလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ကဆုန်လပြည့်နေ့မှာ ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) ကဓားမဆိုင်းတပ်ဖွဲ့တွေဟာ လူအင်အား ၈၀ ကျော်နဲ့ ကျောက်လောင်းတာကို ကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။


ဒါ့အပြင် ဓမ္မရုံဆောက်လုပ်ဖို့အတွက် အလှူငွေ ၇ သိန်းကိုလည်း လှူဒါန်းခဲ့တယ်လို့ ဓားမဆိုင်းတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ကိုစွမ်းသူမောင်က ပြောပါတယ်။

“ရဲဘော် ရဲမေ ၈၀ ကျော်လောက်က သွားကူပေးကြတာ။ ဒီနေ့သွားရောက်ကူတာက တိုက်ပွဲမရှိလို့ မဟုတ်ပါဘူး။ မအားတဲ့ကြားက သွားရောက်ကုသိုလ်ပြုလုပ်ကြတာပါ။ စခန်းထဲက ရဲဘော်တွေကို ဘယ်နေ့ဘယ်ရက်မှာ ငါတို့ကျောက်လောင်းကုသိုလ် လုပ်ရအောင်လို့ ကြိုပြောထားပြီး သွားရောက်ကူညီကြတာ သူတို့လေးတွေကိုလည်း ကုသိုလ်ရစေချင်တာရယ်။ လူလိမ္မာလေးတွေ ဖြစ်စေချင်တာကြောင့်ရယ်ပါ” လို့ ဆိုပါတယ်။

အဲဒီ ဓားမဆိုင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကလည်း မုံရွာမြို့နယ် ကညနရုံး နဲ့ စိုက်ပျိုးရေးရုံးကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများစွာ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10