မကြီးအုပ်ရွာစာသင်ကျောင်း ဗုံးကြဲခံရမှု သေဆုံးသူ ၇ ဦးရှိလာပြီး ၂၃ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တောင်ပိုင်းရှိ မကြီးအုပ်ကျေးရွာ စာသင်ကျောင်းဝန်းကျင်ကို မေ ၁၁ ရက်က စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မေ ၁၃ ရက် ဒီနေ့မှာ အမျိုးသားတဦး ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ ၇ ဦးအထိ ရှိလာတယ်လို့ S&C အဖွဲ့ဆီက သိရပါ တယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့အချိန်က သေဆုံသူဟာ ၆ ဦးရှိပြီး မေ ၁၃ ရက် ဒီနေ့မှာ အသက် ၃၇ နှစ်အရွယ် ဒဏ်ရာရအမျိုးသားတဦး ထပ်မံသေဆုံးသွားတဲ့အတွက် သေဆုံးသူ ၇ ဦးအထိ ရှိလာတာဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က ဂျက်ဖိုက်တာလေယာဥ်နဲ့ မွန်လွဲ ၂ နာရီကျော်မှာ ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ တာကြောင့် စာသင်ကျောင်း၊ ဇရပ်အဆောင်နဲ့ နေအိမ်တချို့ ဗုံးထိမှန် ပျက်စီးခဲ့ရသလို တော်လှန်ရေးရဲဘော်နဲ့ ပြည်သူ စုစုပေါင်း ၇ ဦး သေဆုံးပြီး ၂၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

"ကာကွယ်ရေးဘက်က ၄ ယောက်သေတယ်။ ပြည်သူက ၃ ယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေ ၂၃ ဦး ရှိတယ်။ အဲဒီအထဲက ခြေထောက်ဖြတ်ရတာ ၂ ယောက်နဲ့ လက်ဖြတ်လိုက်ရတာ ၃ ယောက်ရှိတယ် " လို့ S&C အဖွဲ့တာဝန်ခံ ကပြောပါတယ်။

ဗုံးစထိမှန်လို့ ဒဏ်ရာရရှိသူ ၂၃ ဦးထဲမှ ပြင်းထန်ဒဏ်ရာရသူ ၇ ဦးကျန်ရှိကာ ဆေးဝါကုသနေရပြီး ကျန်တဲ့သူ တွေမှာ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။

၂၀၂၃ အစောပိုင်းကာလမှာလည်း ဒီပဲယင်းနယ် လက်ယက်ကုန်းကျေးရွာကို စစ်ကောင်စီဘက်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ဒီပဲယင်း #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #တော်လှန်ရေးရဲဘော် #အရပ်သားပြည်သူ #သေဆုံး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10