မကွေးတိုင်းမှာ စစ်ကား ၁ စီးမိုင်းဆွဲခံရပြီး စစ်တပ်စခန်းနဲ့ ပျူစောထီးရွာ ဒရုန်းနဲ့တိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း လက်ပုကန်ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲနေတဲ့  စစ်ကောင်စီ စစ်ကားတစီးကို  မဟာမိတ်တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Young Force UG တပ်ဖွဲ့ဆီက သိရပါတယ်။

ဧပြီ ၉ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ လက်ပုကန်ရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေပြီး ပခုက္ကူမြို့ကို ပြန်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၆ ဘီးကားကို လက်ပုကန်ရွာနဲ့ ချောက်ကန်ကြားအရောက်မှာ မိုင်း ၁ ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အတွင်းသတင်းပေးအရ စစ်သား ၃ ဦးအထက် ထိခိုက်ဒဏ်ရာရတတယ်လို့ Young Force UG တပ်ဖွဲ့ သတင်းတာဝန်ခံ ကိုပိန် ကဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ - ၂ Young Force UG နဲ့အတူ Earthquake People's Defence Force၊ Pakokku People's Defence Force၊ Burma Revolution Rangers တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်ကလည်း မကွေး တိုင်း၊ ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ ရေလာလေးပျုစခန်းနဲ့ မြိုင်မြို့နယ်ထဲက တွင်းမပျူရွာကို  ဒရုန်းတွေနဲ့  တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေက အဖွဲ့ ၂ ဖွဲ့ခွဲကာ တချိန်တည်း စခန်းတခုစီကို ဒရုန်းနဲ့ဗုံးသီး ၁၂ လုံးနဲ့ကြဲချခဲ့ပြီး စစ်တပ်အထိုင်ချတဲ့နေရာတွေဖြစ်နေတာကြောင့်  သေဆုံးထိခိုက်မှုသတင်း မရနိုင်သေးဘူးလို့ Young Force UG သတင်းတာဝန်ခံ ကိုပိန် ကပြောပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်မှုကိုတော့ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ Young Force UG၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ်  - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #လက်ပုကန်ရွာ #စစ်အုပ်စု #ဒရုန်း #တိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10