မကွေးမှာ ငါးမျှားရင်း ရေဆင်းကူးတဲ့အမျိုးသား ၁ ဦး ရေနစ်သေဆုံး

မကွေးမှာ ငါးမျှားရင်း ရေဆင်းကူးတဲ့အမျိုးသား ၁ ဦး ရေနစ်သေဆုံး

မကွေးမြို့၊ ဧရာဝတီမြစ်အတွင်းမှာ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ M-RESCUE MAGWAY ထံက သိရပါတယ်။

ကမ်းနားလမ်း ဘိုးဘိုးကြီးဘုရားရေဆိပ်အနီးမှာ ညနေ ၄ နာရီခွဲအချိန်ခန့်က ငါးမျှားရင်း မြစ်အတွင်းရေဆင်းကူးရာမှ အသက် ၂၃ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

" သူငယ်ချင်းသုံးယောက် မြစ်ဆိပ်မှာ ငါးမျှားနေကြတာပါ။ရေဆင်းကူးရင်းနဲ့ ရေနစ်သေဆုံးခဲ့တာပါ " လို့ ပရဟိတအသင်းသားတဦးက ပြောပါတယ်။

ရေနစ်သေဆုံးတဲ့ ရုပ်အလောင်းကို ညနေ ၆ နာရီလောက်မှာ ကယ်ဆယ်ကူညီရေးအဖွဲ့တွေက ပြန်လည်ဆယ်ယူရရှိခဲ့ပြီး သေဆုံးသူကို ခေမာလူမှုကယ်ဆယ်ရေးအသင်းကားဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ဒီကနေ့မနက်ပိုင်းမှာ သူ့ရဲ့ဇာတိရွာကျောင်းကုန်းကျေးရွာကို ဆက်လက်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#မကွေး #ဧရာဝတီမြစ် #ရေနစ်သေဆုံး #Magway Rescue #ပရဟိတ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10