မကွေး PDF ရဲမေတွေက  သိုင်းပညာကိုသင်ယူပြီး ပြန်လည်လေ့ကျင့်ပေးနေ (ရုပ်/သံ)

မကွေးတိုင်း၊ မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေးခရိုင်ကွပ်ကဲရေးရုံးက PDF ရဲမေတွေဟာ  သူတို့တတ်ထားတဲ့ မြန်မာ့သိုင်းပညာကို ပြန်လည်သင်ကြားပေးနေတယ်လို့  အဲ့ဒီတပ်ရင်းက သိရပါတယ်။

မကွေးခရိုင်ကွပ်ကဲရေးရုံးက ဆရာမ ၃ ဦးဟာ လိုင်ဇာမြို့နယ်မှာ သိုင်းပညာကို သင်ယူခဲ့တာဖြစ်ပြီး တပ်ရင်းမှာရှိတဲ့ ရဲဘော်တွေကို သင်တန်းအပတ်စဥ် ၁ နဲ့ ၂ ကို ပြန်လည် သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

"စစ်ပညာသာမကဘဲ ကိုယ်ခံပညာကိုပါ လက်ဆင့်ကမ်းသင်ကြားပေးသွားမှာပါ။ သင်တန်းမှာ စိတ်ဓာတ် တက်ကြွဖို့၊ အမြင်ဆန်းဖို့နဲ့ လိုအပ်ရင် ခုခံကာကွယ်ဖို့အတွက် အဓိကရည်ရွယ်ပြီး ဒီပညာကို သင်ခဲ့တာပါ" လို့ ဆရာမ ဂျူရီ ကပြောပါတယ်။

မြန်မာ့သိုင်းပညာ အမျိုးအစားများစွာ ရှိတဲ့အထဲက ရှောင်နည်း၊ တိမ်းနည်း၊ ဗန်တို၊ ဗန်ရှည်၊ ၆၃ မောင်း စတဲ့ အခြေခံသိုင်းပညာတွေကို လေ့လာသင်ယူခဲ့ပြီး တပ်ဖွဲ့က ရဲဘော်တွေကို ပြန်လည်သင်ကြားပေးတယ်လို့ ဆိုပါတယ်။

တည်းဖြတ် -ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #PDF #ခရိုင်ကွပ်ကဲရေး # စစ်သင်တန်း #သိုင်းပညာ #လက်ဆင့်ကမ်းသင်ကြား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10