မင်းကင်းမှာ မင်္ဂလာပွဲ လေကြောင်းဗုံးကြဲခံရလို့ အရပ်သားတွေအပါအဝင် ၂၀ ကျော်သေဆုံး

မင်းကင်းမှာ မင်္ဂလာပွဲ လေကြောင်းဗုံးကြဲခံရလို့ အရပ်သားတွေအပါအဝင် ၂၀ ကျော်သေဆုံး

 

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာမှာပြုလုပ်နေတဲ့ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် အရပ်သားတွေ အပါအဝင် ၂၀ ကျော် သေဆုံးတယ်လို့ သိရပါတယ်။

ဇွန် ၃ ရက် ဒီကနေ့ မနက် ၈ နာရီဝန်းကျင်က မင်္ဂလာဆောင် ကျင်းပနေစဉ် မကွေးက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကြဲချခဲ့တာဖြစ်ပြီး မင်္ဂလာဆောင်တက်ရောက်သူတွေနဲ့ ပြည်သူ စုစုပေါင်း ၃၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သေတာက ၂၀ ကျော်သေတယ်လို့ သတင်းရထားတယ်၊ ၂၀ တောင် မကလောက်ဘူး၊ ခုထိ လက်နက်ကြီးနဲ့ ပစ်နေလို့ အလောင်းတွေ ကောက်ဖို့ မလွယ်သေးဘူးဖြစ်နေတယ်။ အများစုက ဒဏ်ရာရထားတယ်။ မြို့နယ် ပကဖအဆင့် အမျိုးသမီးခေါင်းဆောင်တဦး မင်္ဂလာဆောင် သတင်းပေါက်တာထက် သတင်းပေး ဒလန်ရှိတာ ပေါ့။” လို့ မင်းကင်းဒေသခံရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲပြီးနောက် မင်းကင်းမြို့ပေါ်ကနေ လက်နက်ကြီး ပစ်ခတ်လို့ အခင်းဖြစ်ပွားရာနေရာကို သွားရောက်ဖို့ခက်ခဲနေပြီး သေဆုံးထိခိုက် အခြေအနေတွေကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

“မင်္ဂလာ ဘိသိက်လုပ်နေတုန်း ကြဲတာလို့ကြားတယ်၊  ထိခိုက်သေဆုံးက ၃၀ လောက်တော့ရှိပြီး သတိုးသား သတိုးသမီးလည်း သေတယ်လို့ ကြားတယ်၊ သေချာ အတည်မပြုနိုင်သေးဘူး။" လို့ နောက်ထပ် ဒေသခံတဦးက ပြောပါတယ်။

အထက်ပါလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို မြေလတ်အသံက ဆက်လက်စုံစမ်းနေပြီး နောက်ဆက်တွဲအခြေအနေတွေကို ဆက်လက်ဖော်ပြသွားပါမယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မင်းကင်းမြို့နယ် #မတောရွာ #မင်္ဂလာဆောင် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10