မင်းတုန်းမှာ ကင်းပုန်းဝပ်နေတဲ့စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ဦးသေ

မင်းတုန်းမှာ ကင်းပုန်းဝပ်နေတဲ့စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ဦးသေ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွကို မတ် ၂၆ ရက်ည ၈ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တယ်လို့ United States Of Burma Army - USBA တပ်ဖွဲ့ဆီက သိရပါတယ်။

မင်းတုန်းမြို့ကနေ ၁၅ မိုင်ကျော်ဝေးကွာတဲ့ တိုင်တားရွာ အနောက်ဘက်ရှိ ဘုရားကုန်းအနီးမှာ ကင်းပုန်းချထားတဲ့ စစ်သားတွေကို ဝင်တိုက်ပြီး နှစ်ဘက်အပြန်အလှန် ၅ မိနစ်ကြာ ပစ်ခတ်ခဲ့မှုဖြစ်ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

" မီတာ ၈၀ အကွာလောက်မှာ နှစ်ဘက်ပစ်ခတ်ခဲ့ကြတာပါ။ ကျနော်တို့ဘက်က ၄၀ မမနဲ့လည်း ပစ်တယ်။ စစ်သား ၁ ယောက်သေတယ်။ ၂ ယောက်ဒဏ်ရာရသွားတယ်” လို့ USBA တပ်ဖွဲ့တာဝန်ခံ ကိုဗဟိန်းက ပြောပါတယ်။

ကျန်စစ်ကောင်စီအဖွဲ့တွေဟာ သေဆုံးစစ်သား ၁ ဦးကိုတော့ ဘုရားကုန်းအနီးမှာမြေမြှုပ်ပေးခဲ့ပြီး ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတယ်လို့သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို United States Of Burma Army - USBA အဖွဲ့၊ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Key Of Revolution ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ဇန်နဝါရီ ၈ ရက်မနက် ၆ နာရီလောက်မှာလည်း မင်းတုန်းမြို့နယ်အပိုင် သရက်မြို့နဲ့ မင်းတုန်းမြို့နယ်အစပ် အလည်ချောင်းရွာထိပ်ရှိ စစ်ကောင်စီနယ်မြေရဲစခန်းကို ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။  

ပုံစာ - USBA ရဲဘော်များကို ရှေ့တန်းတနေရာတွင် တွေ့ရစဉ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မင်းတုန်း #တိုက်ပွဲ #စစ်ပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10