မင်းဘူးမှာ PDF တွေရဲ့ရိက္ခာစိုက်ခင်းမှာ ဒေသခံပြည်သူတွေက ပါဝင်ကူညီ

မင်းဘူးမှာ PDF တွေရဲ့ရိက္ခာစိုက်ခင်းမှာ ဒေသခံပြည်သူတွေက ပါဝင်ကူညီ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ အမှတ် ၇ တပ်ရင်းက PDF တွေ ရိက္ခာအဆင်ပြေဖို့ စပါးစိုက်ခင်းလုပ်ကိုင်ရာမှာ ဒေသခံပြည်သူတွေက ပါဝင်ကူညီပေးနေတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းထံက သိရပါတယ်။

PDF ရဲဘော်တွေအတွက် ရိက္ခာစိုက်ခင်းကို စက်တင်ဘာ အစောပိုင်းကာလမှာ စတင်လုပ်ကိုင်ခဲ့တာဖြစ်သလို စိုက်ခင်းအတွက်လိုအပ်တဲ့ မြေနေရာ၊ မျိုးစပါး၊ စိုက်ပျိုးနည်း၊ ပိုမွှားရောဂါကာကွယ်နည်းတွေကို ဒေသခံပြည်သူတွေက ပူးပေါင်းကူညီခဲ့ကြတာလို့ဆိုပါတယ်။

" စိုက်ဖို့မြေနေရာကို ပြည်သူတွေက ငှားပေးတယ်။ မျိုးစပါးရော စပါးစိုက်တဲ့အချိန်လည်းကူညီပေးတယ်။ တပ်ရင်းရိက္ခာဖူလုံဖို့ စိုက်ရတာပါ " လို့ မင်းဘူးခရိုင် တပ်ရင်း ၇၊ သတင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီစိုက်ခင်းမှာ ဆင်းသုခစပါး တဧကကျော်စိုက်ပျိုးထားပြီး၊ ထွန်ယက်ခ၊ မျိုးစပါး၊ စိုက်ပျိုးရေးဆေးဖိုး၊ ပျိုးနှုတ်တာနဲ့ ကောက်စိုက်ခအတွက်သာ တပ်ရင်းက ကုန်ကျစရိတ် ရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

စပါးစိုက်ပျိုးဖို့ ထွန်ယက်ရာမှာ ထွန်စက်ငှားရမ်းခ ၇၀၀၀၀ ကျပ်၊ လိုအပ်တဲ့စပါးမျိုးဖိုး ၆၀၀၀၀ ကျပ်၊ တမနက်လုပ်သားခ ၃၀၀၀ ကျပ်နှုန်းဖြင့် ကုန်ကျစရိတ်သာ ရှိတယ်လို့ ဆိုပါတယ်။

စိုက်ခင်းအတွက် ဆေးဖြန်း၊ ပေါင်းနှုတ်၊ ရေသွင်းရေထုတ်၊ အစရှိတဲ့လိုအပ်တာတွေကို တပ်ရင်းက ရဲဘော်ရဲမေတွေနဲ့ ဒေသခံပြည်သူတွေက ပူးပေါင်းလုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စိုက်ပျိုးရေး #စပါးခင်း #ရိက္ခာ #PDF  #မင်းဘူး #မကွေးတိုင်း #ပြည်သူလူထု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10