သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဂန့်ဂေါနယ်မြေ၊ မင်းရွာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို ဂန့်ဂေါဒေသခံတွေက နိုဝင်ဘာ ၅ ရက် ဒီမနက်ပိုင်းမှာ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ ABSDF ယောဒေသ အဖွဲ့ဆီက သိရပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှေ့တန်းကပြန်လာချိန် ဂန့်ဂေါနယ်က လမ်းပိုင်းတခုမှာ ရာဂဏန်းရှိတဲ့ ဒေသခံတွေက လမ်းဘေးဝဲယာ စီတန်းပြီး သပြေပန်အပါအဝင် ပန်းမျိုးစုံကို ကိုင်ဆောင်ကာ စောင့်ကြို ဂုဏ်ပြုခဲ့ကြတာပါ။
မင်းရွာရဲစခန်းကို ဂန့်ဂေါခရိုင် တပ်ရင်း ၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉၊ ABSDF ယောဒေသနဲ့ Hyper UAV Force၊ ရပ်ကျေး ပကဖ အဖွဲ့တို့ ပူးပေါင်းကာ နိုဝင်ဘာ ၃ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပုံစာ - ရဲစခန်းသိမ်း တိုက်ပွဲဝင်ရဲဘော်တွေကို ဒေသခံပြည်သူတွေက ကြိုဆိုနေမှုမြင်ကွင်း။
#မြေလတ်အသံ
#မကွေး #ဂန့်ဂေါ #မင်းရွာရဲစခန်းသိမ်း #ကာကွယ်ရေးတပ်ဖွဲ့များ #ဂုဏ်ပြုကြိုဆို #သတင်း #မြေလတ်သတင်း
Share Share Share