မင်းရွာရဲစခန်းသိမ်း တိုက်ပွဲပြန်ရဲဘော်တွေကို ပြည်သူတွေကြိုဆို (ရုပ်သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေကို ဂန်ဂေါမြို့နယ် ဒေသခံတွေက နိုဝင်ဘာလ ၅  ရက်  ဒီမနက်က ကြိုဆိုခဲ့ကြတယ်လို့ ABSDF Column - 3 ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံကိုပြည့်ဖြိုးကျော်ကပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှေ့တန်းကပြန်လာချိန် ဂန့်ဂေါနယ်က လမ်းပိုင်းတနေရာမှာ ရာဂဏန်းရှိတဲ့ ပြည်သူတွေက လမ်းဘေးဝဲယာ စီတန်းပြီး သပြေပန်းအပါအဝင် ပန်းမျိုးစုံကိုင်ဆောင်ကာ ကခုန်စောင့်ကြို ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီစခန်းသိမ်းတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် တပ်ရင်း ၁၊ ၇၊၁၁ ၊၁၂ ၊၁၄ ၊၁၉ ၊ ABSDF ယောဒေသ၊ Hyper UAV Force၊ ရပ်ကျေး ပ.က.ဖ  တို့ပေါင်းကာနိုဝင်ဘာလ ၃ ရက်က တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဂန့်ဂေါ #မင်းရွာ #ရဲစခန်းသိမ်း #ABSDF #PDF #တိုက်ပွဲပြန်ရဲဘော်  #ကြိုဆို #ပြည်သူ #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10