သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်က စစ်ကောင်စီဂိတ်စခန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ YoMa Phoenix ဒရုန်းတပ်ဖွဲ့က ၂ ရက်ဆက် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။
မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာထိပ်က စစ်ကောင်စီဂိတ်ကို ဇန်နဝါရီ ၉ ရက်နဲ့ ၁၀ ရက် ၂ ရက်ဆက်တိုက် ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဇန်နဝါရီ ၉ ရက်ည ၁၁ နာရီလောက်မှာတကြိမ်နဲ့ ဇန်နဝါရီလ ၁၀ ရက် ည ၇ နာရီလောက်မှာ တကြိမ် စုစုပေါင်း ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ပဲခူးတိုင်းအနောက်ခြမ်းမှာ ပထမဆုံး ဒရုန်းနဲ့ တိုက်ခိုက်မှုပါ။ အောင်မြင်မှုရတယ်လို့ ပြောရပါမယ်။ ဆက်လက်တိုက်ခိုက်သွားမှာပါ“လို့YoMa Phoenix ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုတူးက ပြောပါတယ်။
ဇန်နဝါရီ ၉ ရက် တိုက်ခိုက်မှုမှာ ဒုဗိုလ် ၁ ဦးအပါ စစ်သား ၃ ဦးသေကာ ၅ ဦးဒဏ်ရာရရှိခဲ့ပြီး ဇန်နဝါရီ ၁၀ ရက် တိုက်ခိုက်မှုမှာ စစ်သား ၆ ဦးသေကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီသေဆုံးမှုတွေကို မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေနဲ့ ကင်းထောက်တွေရဲ့ ပြောပြချက်အရ အတည်ပြုခဲ့တာလို့ ရဲဘော်ကိုတူးက ပြောပါတယ်။
အဲ့ဒီဂိတ်မှာ စစ်ကောင်စီတပ်သားတွေက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက တပ်စွဲထားကာ အခုတိုက်ခိုက်ချိန်မှာ အင်အား ၃၀ ၀န်းကျင် ရှိပြီး လက်ရှိအချိန်ထိလည်း ဆက်လက်တပ်စွဲထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ကလည်း အဆိုပါ စမ်းဘုတ်ရွာက စစ်ကောင်စီဂိတ်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ကတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါသေးတယ်။
ပုံစာ - တိုက်ခိုက်ခံရသည့် စမ်းဘုတ်စစ်ကောင်စီဂိတ်။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #မင်းလှ #စမ်းဘုတ်ရွာ #စစ်ကောင်စီဂိတ် #တိုက်ခိုက် #သတင်း #မြေလတ်သတင်း
Share Share Share