သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ပေါ်က စစ်တပ်သတင်းပေးဆိုသူအမျိုးသား သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မင်းလှမြို့၊ စက်ကြီးတန်းလမ်းမှာနေတဲ့ ကိုမျိုးမြင့်အောင် (ခ) အောင်အောင်ကို မတ် ၂၆ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်လောက်မှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ တပ်ခွဲ ၃ နဲ့ မင်းလှ ပကဖ က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
သေနတ်နဲ့ ၁၂ ချက်ပစ်ခတ်ခံရပြီး ကိုမျိုးမြင့်အောင်ဟာ သူရဲ့နေအိမ်မှာပဲ သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
သူဟာ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်တဲ့သတင်းတွေကို စစ်တပ်ဆီသတင်းပေး ဖမ်းဆီးခိုင်းတာတွေလုပ်သလို လက်နက်ကိုင်ဆောင်ထားသူလည်း ဖြစ်တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်
“ (မျိုးမြင့်အောင်က) စစ်ကောင်စီသတင်းပေး အစစ်။ သေနတ်လည်း ကိုင်ထားပြီး စစ်တပ်ထဲမှာလည်းနေတယ်။ သူ့ကြောင့် မြို့က အမျိုးသား၊ အမျိုးသမီးတွေ တဒါဇင်ကျော် ဖမ်းဆီးခံထားရတာ တကယ့် ဒလန်အစစ်ကြီး။”လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒါ့အပြင်မျိုးမြင့်အောင်ဟာ ၂၀၂၀ ခုနှစ်မှာ မင်းလှမြို့နယ် PPP ပါတီ မြို့နယ်ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ခုနှစ် နို၀င်ဘာ၂၆ ရက်မှာ ပါတီက နုတ်ထွက်ခဲ့တယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၉ ရက် မွန်းလွဲပိုင်းမှာလည်း မင်းလှမြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကိုမြင့်ဟန်ကို ရန်ကုန် - ပြည် ကားလမ်းပေါ်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ က သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။
စာတည်း - လင်း ၊ တည်းဖြတ် - HP
#မြေလတ်အသံ
#မင်းလှ #စစ်တပ်သတင်းပေး #ဒလန် #ပစ်ခတ်ရှင်းလင်း #သေဆုံး
Share Share Share