မင်းလှက စစ်သားစုဆောင်းရေးတာဝန်ခံဗိုလ်ကြီးကို PDF က ပစ်ခတ်ရှင်းလင်း

မင်းလှက စစ်သားစုဆောင်းရေးတာဝန်ခံဗိုလ်ကြီးကို PDF က ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ် စစ်သားစုဆောင်းရေးတာဝန်ခံ ဗိုလ်ကြီး မျိုးဆန်းဝင်း ကို အောက်တိုဘာ ၂၉ရက် ဒီကနေ့မနက်ပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မင်းလှမြို့ပေါ်မှာနေထိုင်တဲ့ အဲ့ဒီစုဆောင်းရေးဗိုလ်ကြီး ဆိုင်ကယ်မောင်းနှင်လာချိန် ဇရစ်ချောင်းရွာနဲ့ ချောင်းနားရွာအကြားမှာ ဒီမနက် ၈ နာရီဝန်းကျင်က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်သတ်ခဲ့တာလို့ဆိုပါတယ်။ 

" သူ့မယားငယ်အိမ်ကိုသွားတာမှာ စောင့်ပြီးပစ်တာ။ ခေါင်း တချက်၊ ကိုယ်လုံး လေးချက် ပစ်ခဲ့တာပါ။ နေရာမှာပွဲချင်းပြီးပဲ။ အလောင်းကို ဘယ်သူလာသယ်တယ်ဆိုတာတော့ မသိဘူး" လို့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဗိုလ်ကြီး မျိုးဆန်းဝင်းဟာ မြို့နယ်အတွင်းမှာ လူမှုရေးအရှုပ်အရှင်းတွေများသူဖြစ်ပြီး စစ်ကောင်စီအတွက် စစ်သားစုဆောင်းတာအပြင် ပျူစောထီးဖွဲ့ဖို့ စည်းရုံးတာနဲ့ ပြည်သူတွေကို ဖမ်းဆီးခြိမ်းခြောက် ငွေညှစ်တာတွေ ပြုလုပ်နေသူဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်ကလည်း သာယာဝတီခရိုင်၊ အေးမြသာယာမြို့သစ်က ဗိုလ်ကြီး တင်မျိုးအောင်ကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မင်းလှ #စုဆောင်းရေး #အရာရှိ #ပစ်သတ်ခံရ #သာယာဝတီ #ဂဠုန်တပ်ဖွဲ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10