မင်းလှက ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင်တဦးနေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

မင်းလှက ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင်တဦးနေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

ပဲခူးတိုင်းအ‌နောက်ခြမ်း၊ မင်းလှမြို့နယ်က ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင်တဦးရဲ့ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်သွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

မင်းလှမြို့နယ်၊ လှည်းကူးအုပ်စု၊ အုန်းနှဲချောင်းရွာက NLD ပါတီဝင် ဦးတင်ဦးရဲ့နေအိမ်ကို ဇူလိုင် ၁၈ ရက် မနေ့ကနေ့လယ်ပိုင်းမှာ ချိပ်ပိတ်သွားတာလို့ ဆိုပါတယ်။

“အိမ်ကို စာလာကပ်တာက ရဲနဲ့ကျေးရွာအုပ်ချုပ်ရေးမှူးပါ၊ မင်းလှက ရဲအရာရှိပါတယ်။ ရဲက ၃ ယောက်ပေါ့၊  ဦးတင်ဦးကို ဖမ်းတဲ့ပုဒ်မတွေတော့ မသိရဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးတင်ဦးကို PDF ထောက်ပံ့တယ်ဆိုကာ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းပြီး ဇူလိုင် ၁၉ ရက်ဒီနေ့ထိ သာယာဝတီ‌‌ထောင်မှာချုပ်ထားတာ ဖြစ်ပါတယ်။  

ဦးတင်ဦးဟာ NLD ပါတီဝင်ဖြစ်ပြီး နေအိမ်ချိပ်ပိတ်ခံရတာမှန်ကန်ကြောင်းနဲ့ ဖမ်းဆီးခံထားရတာဟာလည်း ၃ လခန့်ရှိပြီလို့ နောက်ထပ်မြို့ခံတဦးက အတည်ပြုပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၁  ရက်မနက်ကလည်း ပဲခူးတိုင်းအရှေ့ခြမ်း၊ ကဝမြို့နယ်၊ သက္ကလမြို့က NLD ပါတီဝင်  ဦးကျော်မျိုးလွင်ရဲ့ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပါသေးတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းကစလို့  ၂၀၂၄ ဇူလိုင်လဆန်းအထိ စစ်ကောင်စီက ပဲခူးတိုင်း အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၂၈၅ ဦးနဲ့ အရပ်သား ၁၀၁ ဦးရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ခဲ့တယ်လို့ ပဲခူးတိုင်းအရှေ့ခြမ်းရှိ NLD တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တဦးဆီက သိရပါတယ်။

ပုံစာ - ချိတ်ပိတ်ခံရသည့် ဦးတင်ဦးနေအိမ်နှင့် လာရောက်ချိပ်ပိတ်သည့် ရဲနှင့်အုပ်ချုပ်ရေးမှူးအဖွဲ့။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #မင်းလှ #စစ်ကောင်စီ #ချိပ်ပိတ် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10