မင်းလှက သစ်လုပ်ငန်းလုပ်ကိုင်တဲ့လင်မယားကို စစ်တပ်က ဖမ်ဆီး

မင်းလှက သစ်လုပ်ငန်းလုပ်ကိုင်တဲ့လင်မယားကို စစ်တပ်က ဖမ်ဆီး

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်က သစ်အရောင်းအဝယ်လုပ်တဲ့ လင်မယား ၂ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

မင်းလှမြို့နယ် စမ်းဘုတ်ရွာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကနေ ရွေးကုန်းအုပ်စု၊ ရွေးကုန်းရွာက ကိုဝင်းသိန်းကို ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ ဖမ်းဆီးပြီး ဇနီး မထော်ကို နေ့လယ်ပိုင်းမှာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ 

“ကိုဝင်းသိန်းကို အိမ်ဟောင်းတလုံးရောင်းဖို့ရှိတယ်ဆိုပြီး ဖုန်းဆက်ခေါ်လို့ စမ်းဘုတ်ကို အိမ်ကြည့်ဖို့သွားတာ။ စမ်းဘုတ်ရွာ စစ်ကောင်စီဂိတ်ကိုရောက်တော့မှ ဖမ်းထားလို့ မိန်းမက သတင်းကြားပြီးလိုက်သွားတာမှာ ထပ်ဖမ်းထားလိုက်တာ။ အပြစ်မရှိအပြစ်ရှာ ဖမ်းနေတာ“ လို့ ဒေသခံတဦးက ပြောပါတယ်။ 

ကိုဝင်းသိန်းဟာ သစ်လုပ်ငန်းလုပ်ကိုင်တဲ့အတွက် ပဲခူးရိုးမတောထဲနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးတာလည်း ဖြစ်နိုင်သလို စစ်အုပ်စုက ပိုက်ဆံလိုချင်တာကြောင့် ဖမ်းတာလည်းဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ 

ဖုန်းဆက်ခေါ်တဲ့ သူကို သတင်းရထားပေမယ့် အတိအကျမဟုတ်တဲ့အတွက် ထုတ်ဖော် မပြောသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ ကိုဝင်းသိန်းတို့ လင်မယားကို မင်းလှရဲစခန်းမှာ ချုပ်နှောင်ထားပြီး မိသားစုဝင်တွေနဲ့ တွေ့ဆုံဆက်သွယ်ခွင့်မပေးသေးဘူးလို့လည်း ပြောပါတယ်။  

စမ်းဘုတ်ရွာ စစ်ကောင်စီဂိတ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်က မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်လို့ ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးတာတွေ ရှိခဲ့ပါတယ်။

စမ်းဘုတ်ရွာ စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရပြီးနောက်ပိုင်း စမ်းဘုတ်ရွာအုပ်ချုပ်ရေးမှူး ဦးရခိုင်အပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပုံစာ - ဖမ်းဆီးခံရတဲ့ ကိုဝင်းသိန်းနဲ့ မထော်တို့ဇနီးမောင်နှံ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #မင်းလှမြို့နယ် #သစ်အရောင်းအဝယ် #လင်မယား #စစ်ကောင်စီ #အုပ်ချုပ်ရေးမှူး #ဖမ်းဆီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10